ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်ရှိ အာဏာ သိမ်းစစ်ကောင်စီ ရှေ့တန်းတပ်စခန်းကို ကရင်နီ လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။
ရှားတောမြို့နယ် ပွန်ချောင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းများကို ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲ ငါးကြိမ်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာ ၂၅ရက်တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး နိုဝင်ဘာ ၂၆ရက်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ကြောင်း၊
တိုက်ပွဲများတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတရာ ထိခိုက်မှုမရိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း ဒီးမော့ဆိုမြို့နယ်၌လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။