Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်မှာ အင်အား ၈၀ပါ စစ် ကောင်စီစစ်ကြောင်းကို PDF တိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကွမ်းအုံးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ PDF တပ်ရင်း (၃၅၀၄)က ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံရေးတပ်ခွဲ (၂)ကတပ်ကြပ်ကြီး မြင့်လွင်ကို ဖမ်းမိထားစဉ်။ ဓာတ်ပုံ - တပ်ရင်း -၃၅၀၄

ဒီဇင်ဘာ-၄၊၂၀၂၅။သတိုး/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကွမ်းအုံးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ PDF တပ်ရင်း (၃၅၀၄)က ထုတ်ပြန်ထားပါတယ်။

တပ်ရင်း(၃၅၀၄) နဲ့ ရေတာရှည်မြို့နယ်ပကဖ က သတင်းရရှိတာကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့လည်မှာ ကားသုံးစီးနဲ့ အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကွမ်းအုံးကျေးရွာ နဲ့ ဝမ်းမကြီးကျေပရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗီဒီယိုဖိုင်နဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲက ၂နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရရှိတာမရှိပေမယ့် စစ်ကောင်စီဘက်က ၆ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

“တိုက်ပွဲအတွင်း ရန်သူဘက်မှ အီနာဂါဗုံးသီးတစ်လုံး ၊ လက်ပစ်ဗုံးနှစ်လုံး၊ အီကွေးမန့်နှစ်ခု၊MA11ကျည်ဘောက်တစ်ခု ၊ ဦးထုပ် ၂လုံး၊ ၅.၅၆ကျည် ၈၉တောင့်ရရှိခဲ့ပါသည်။” လို့ တပ်ရင်း (၃၅၀၄)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲမဖြစ်ခင် နိုဝင်ဘာ ၂၅ ရက်ကလည်း ကြိုတင်သတင်းရရှိတာကြောင့် စစ်တောင်းမြစ် အနောက်ခြမ်းမှာရှိတဲ့ တပ်ပိုင်မြေတွေမှာ သီးစားခလာဝောာင်းတဲ့ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံရေးတပ်ခွဲ (၂)ကတပ်ကြပ်ကြီး မြင့်လွင်ကို တခွဲကြဲကျေးရွာမှာ တပ်ရင်း(၃၅၀၄)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီ့တပ်ကြပ်ကြီးကို ကားတစ်စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး တပ်ရင်းက စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊သရက်မြို့နယ်အခြေစိုက် အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ပြန်ဆုတ်သွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBAက ကိုဗဟိန်းက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းကို အင်အား(၅၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။​