Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ရေတပ်ရဲ့ အကြီးဆုံး သင်္ဘော မီးလောင်ပြီး နစ်မြုပ်

အီရန်ရေတပ်ရဲ့ အကြီးဆုံး သင်္ဘောကြီးဟာ မီးလောင်ပြီး နစ်မြုပ်သွားခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက ဟောမုဇ် ရေလက်ကြားနားက အိုမန် ပင်လယ်ကွေ့မှာရှိတဲ့ အီရန်ပိုင် ဂျန့်စ်ခ် ဆိပ်ကမ်းနားမှာ သင်္ဘော နစ်မြုပ်သွားခဲ့တာပါ။ ၂၀၇ မီတာ ရှည်လျားတဲ့ Kharg သင်္ဘောကြီးကို ရေတပ်ရဲ့ အဓိက ထောက်ပံ့ရေး ရေယာဉ်အဖြစ် အသုံးပြုနေတာပါ။

သင်္ဘော မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မီးလောင်မှုကြောင့် Khargပေါ်က အမှုထမ်းနဲ့ သင်တန်းသား ၄၀၀ လောက် အရေးပေါ် ပြောင်းရွှေ့ ထွက်ပြေးခဲ့ရပြီး ၃၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အီရန် အာဏာပိုင်တွေက တိတိကျကျ ဘာမှ မပြောသေးပါဘူး။ ပြီးတော့ သင်္ဘော မီးလောင်ရာမှာ ပြည်ပ ပယောဂ ပါမပါ ဆိုတာကိုလည်း မသိရသေးပါဘူး။ အမေရိကန်ရဲ့ ထောက်လှမ်းရေး ဂြိုဟ်တု ဓာတ်ပုံတွေမှာတော့ Khargမှာ မီးမလောင်ခင် ဆိပ်ကမ်းမှာ မီးစလောင်တယ်ဆိုတဲ့ အထောက်အထားတချို့ကို တွေ့မြင်ခဲ့ရပါတယ်။

အီရန်ရဲ့ စစ်လက်နက် အများစုလိုပဲ Khargဟာလည်း အတော်လေး သက်တမ်း အိုဟောင်းနေပြီး ၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ် တော်လှန်ရေး မတိုင်ခင် ကတည်းက တည်ဆောက်ထားတာပါ။ ဒီသင်္ဘောကြီးကို ၁၉၇၇ ခုနှစ်က ဗြိတိန်မှာ ဆောက်လုပ်ပြီး ၁၉၈၄ ခုနှစ်ကျမှ အီရန် ရေတပ်မှာ စတင် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို ကူညီပေးတဲ့ နိုင်ငံမှန်သမျှကို အမေရိကန်က အကြီးအကျယ် ဒဏ်ခတ်ပစ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။