■ UFCမှာပထမဆုံးချန်ပီယံဖြစ်လာတဲ့မြန်မာဖြစ်သလို၊ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်းဖြစ်
ဒီဇင်ဘာ-၇၊၂၀၂၅။People’s Spring
မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒရေးပန်တိုဂျာနဲ့ မြန်မာအချိန် ယနေ့ နံနက်ယှဥ်ပြိုင်ထိုးသတ်တာမှာ ပန်ထိုဂျာဟာပထမအချီ၂၆ စက္ကန့် မှာပဲလက်မှာဒဏ်ရာအပြင်းအထန်ရပြီးဆက်မထိုးနိုင်တော့ပဲအရှုံးပေးလိုက်ပါတယ်။

Public Service Announcement
ပန်တိုဂျာက ဗန်ရဲ့ ဦးခေါင်းပိုင်းကို ခြေနဲ့ကန်တာမှာ ဗန်က ခြေကိုဖမ်းပြီးတွန်းလှဲလိုက်စဥ်မှာ ပန်တိုဂျာ လက်နဲ့ကြမ်းပြင်အကျ ဘယ်ဘက်လက်ဒဏ်ရာအပြင်းအထန်ရသွားတာဖြစ်ပါတယ်။
ဗန်က ကြမ်းခင်းမှာလဲကျနေတဲ့ ဗန်ကို ပွဲသိမ်းထိုးဖို့ ပြေးဝင်သွားစဥ်မှာ ပန်တိုဂျာက လက်ဒဏ်ရာရတာကိုပြပြီးပွဲကိုရပ်လိုက်ပါတယ်။ ဒါကြောင့် ဒိုင်ပွဲရပ် အဆုံးအဖြတ်နဲ့ဗန်ကချန်ပီယံဖြစ်လာပါတယ်။
ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ပထမဆုံးချန်ပီယံဖြစ်လာတာပါ။
အသက်၂၄ နှစ်အရွယ် ဂျိုရှုအာဗန်က UFC ပြိုင်ပွဲမှာ ၁၀ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၉ ပွဲအထိ အနိုင်ရခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။ဒါကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံခါးပတ်အောင်ပွဲခံနိုင်ခဲ့သူဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဘရာဇီးဖိုက်တာ ပန်တိုဂျာဟာ UFC ပြိုင်ပွဲမှာအခုပွဲမတိုင်ခင် ၁၇ ပွဲ ထိုးသတ်ခဲ့ပြီး ၁၄ ပွဲနိုင်၃ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပါတယ်။အခုပွဲအရှုံးကြောင့် ၁၄ ပွဲနိုင် ၄ ပွဲရှူံးမှတ်တမ်းဝင်သွားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။UFC ပြိုင်ပွဲယှဥ်ပြိုင်တဲ့အခါမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဥ်ပြိုင်တာဖြစ်ပါတယ်။

























































