Connect with us

Hi, what are you looking for?

သတင်း

ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာ

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒ​ရေးပန်တိုဂျာနဲ့ မြန်မာအချိန် ယ​နေ့ နံနက်ယှဥ်ပြိုင်ထိုးသတ်တာမှာ ပန်ထိုဂျာဟာပထမအချီ၂၆ စက္ကန့် မှာပဲလက်မှာဒဏ်ရာအပြင်းအထန်ရပြီးဆက်မထိုး​နိုင်​တော့ပဲအရှုံး​ပေးလိုက်ပါတယ်။

​UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံဖြစ်လာတဲ့ ဗန် နဲ့ ဘယ်ဘက်လက်ဒဏ်ရာရပြီး အရှူံး​ပေးခဲ့တဲ့ ပန်တိုဂျာ။ဓါတ်ပုံ-UFC

■ UFCမှာပထမဆုံးချန်ပီယံဖြစ်လာတဲ့မြန်မာဖြစ်သလို၊ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်းဖြစ်

ဒီဇင်ဘာ-၇၊၂၀၂၅။People’s Spring

မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒ​ရေးပန်တိုဂျာနဲ့ မြန်မာအချိန် ယ​နေ့ နံနက်ယှဥ်ပြိုင်ထိုးသတ်တာမှာ ပန်ထိုဂျာဟာပထမအချီ၂၆ စက္ကန့် မှာပဲလက်မှာဒဏ်ရာအပြင်းအထန်ရပြီးဆက်မထိုး​နိုင်​တော့ပဲအရှုံး​ပေးလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ပန်တိုဂျာက ဗန်ရဲ့ ဦး​ခေါင်းပိုင်းကို ​ခြေနဲ့ကန်တာမှာ ဗန်က​ ခြေကိုဖမ်းပြီးတွန်းလှဲလိုက်စဥ်မှာ ပန်တိုဂျာ လက်နဲ့ကြမ်းပြင်အကျ ဘယ်ဘက်လက်ဒဏ်ရာအပြင်းအထန်ရသွားတာဖြစ်ပါတယ်။

ဗန်က ကြမ်းခင်းမှာလဲကျ​နေတဲ့ ဗန်ကို ပွဲသိမ်းထိုးဖို့ ​ပြေးဝင်သွားစဥ်မှာ ပန်တိုဂျာက လက်ဒဏ်ရာရတာကိုပြပြီးပွဲကိုရပ်လိုက်ပါတယ်။ ဒါ​ကြောင့် ဒိုင်ပွဲရပ် အဆုံးအဖြတ်နဲ့ဗန်ကချန်ပီယံဖြစ်လာပါတယ်။

ဒါဟာ သိုင်း​ပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာ​ပေါ်မှာ နာမည်အ​ကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအ​နေနဲ့ပထမဆုံးချန်ပီယံဖြစ်လာတာပါ။

အသက်၂၄ နှစ်အရွယ် ဂျိုရှုအာဗန်က UFC ပြိုင်ပွဲမှာ ၁၀ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၉ ပွဲအထိ အနိုင်ရခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။ဒါ​ကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံခါးပတ်​အောင်ပွဲခံနိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဘရာဇီးဖိုက်တာ ပန်တိုဂျာဟာ UFC ပြိုင်ပွဲမှာအခုပွဲမတိုင်ခင် ၁၇ ပွဲ ထိုးသတ်ခဲ့ပြီး ၁၄ ပွဲနိုင်၃ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပါတယ်။အခုပွဲအရှုံး​ကြောင့် ၁၄ ပွဲနိုင် ၄ ပွဲရှူံးမှတ်တမ်းဝင်သွားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။UFC ပြိုင်ပွဲယှဥ်ပြိုင်တဲ့အခါမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဥ်ပြိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ