Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်မှာဆိုင်ဘုတ်ချပြီး ဆန္ဒပြ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

ဓါတ်ပုံ- ရန်ကုန်လူထုသပိတ်

ဒီဇင်ဘာ-၉၊၂၀၂၅။သတိုး/People’s spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

လှုပ်ရှားမှုအနေနဲ့ ဆူးလေလူကူးတံတားအနီးက အမှိုက်ပုံးတစ်ခုဘေးမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ နဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်အကြောင်း သတိပေးထားတဲ့ ဘုတ်တစ်ခုကိုထောင်ခဲ့တာဖြစ်ပါတယ်။

“ဓာတ်ပုံထဲမှ “အမှိုက်ပုံး”သည် အတုအယောင်ရွေးကောက်ပွဲ၏ “မဲပုံး”များကို ရည်ရွယ်ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်တပ်မှ ကျင်းပပြုလုပ်မည့် “ရွေးကောက်ပွဲ မဲပုံး”များတွင် ပြည်သူလူထု၏ ထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းများ(သို့)သုံးစားမရသောပြည်ဖျက်အမှိုက်များသာ စုပုံစွန့်ပစ်ခံထားရမည့် “အမှိုက်ပုံး”များဟုပင်မှတ်ယူမည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်၏သဘောထားအား ပြည်သူ့ဆန္ဒနှင့်အညီ ထုတ်ပြန်ကြေငြာမှုပြုအပ်ပါသည်။ ” လို့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီးရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ၊ ဒီဇင်ဘာ ၁၀ ရက် မှာပြုလုပ်မယ့်အသံတိတ်သပိတ်မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲ အလွန်မှာလည်း လူထုက ပုန်ကန်အန်တုမှုရှိမှ လွတ်မြောက်မှုရရှိမယ်ဆိုတာကို သတိပေး နှိုး‌ဆော် တာဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က အသိပေးထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာပါ။

ပြည်သူအားလုံးပါဝင်နိုင်ဖို့အတွက် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။