Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ခိုးဆိုးလုယက် သောင်းကျန်းနေ

မိုးမိတ်မြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရိက္ခာအတွက် ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေဖမ်းယူနေပြီး သစ်စက်၊ဆန်စက်တွေကိုလည်း ဖောက်ထွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မိုးမိတ်မြို့တွင်းမှ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနဲ့ ကားတစ်စီး။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၅၊၂၀၂၅။ဒီမိထက်/People’s Spring

မိုးမိတ်မြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရိက္ခာအတွက် ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေဖမ်းယူနေပြီး သစ်စက်၊ဆန်စက်တွေကိုလည်း ဖောက်ထွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မိုးမိတ်မြို့ပေါ်မှာ တော်တော် အခြေအနေဆိုးနေပြီ။ စစ်ရှောင်တွေရဲ့ အိမ်တွေကို လိုက်ဖောက်နေတယ်။ သစ်စက်တွေဆီက ဆန်အိတ်တွေ အတင်းတောင်းတယ်။ ရာချီတောင်းတာ။ မပေးချင်တာကို အတင်း ယူသွားတာတွေရှိတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကြက်၊ဝက်တွေလို အိမ်မွေးတိရိစ္ဆာန်တွေဖမ်းပြီး သတ်စားနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်( TNLA)က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာမှာ စစ်ကောင်စီထံ ပြန်ပေးခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာပါ။ မြို့ပေါ်က နေအိမ်တွေမှာ တပ်စွဲထားပြီး စစ်ဘေးရှောင်တွေကို ပြန်လာဖို့ ဖိအားပေးနေပါတယ်။

ဒေသခံအများစုက ပြန်မလာသေးဘဲ ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေစဉ်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကိုဖောက်ထွင်းနေတာလို့ သိရပါတယ်။

” အရမ်းသောင်းကျန်းနေတယ်။ မြို့ခံတွေက မဝင်ရဲဘူးဖြစ်နေပြီ”လို့ ဒေသခံတစ်ဦးက ဒီနေ့ ဒီဇင်ဘာ ၁၅ရက်မနက်မှာ ပြောပါတယ်။

မိုးမိတ်မြို့မှာ တိုက်ပွဲမဖြစ်သေးပေမယ့် ဒီဇင်ဘာ ၇ရက်မနက်မှာ မြစ်ဆုံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၉ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ မြစ်ဆုံရွာကို ပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေပြန်ဝင်လာတဲ့ မိုးကုတ်မြို့နယ်မှာလည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။ ၂၈မိုင်ခန့်ဝေးတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာတော့ ‌ပစ်ခတ်မှုတချို့ရှိနေပေမယ့် မိုးမိတ်မြို့မှာတော့ အခြေအနေ ငြိမ်သက်နေပါတယ်။ မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၁၀ခုရှိပြီး ဒေသခံသုံးပုံနှစ်ပုံဟာ မြို့ကိုစွန့်ခွာထွက်ပြေး နေကြရပါတယ်။

“လက်နက်ကြီးသံတွေကတော့ ညတိုင်းကြားရတယ်။ မိုးမိတ်နဲ့ သပိတ်ကျင်း လမ်းကြောမှာ လက်နက်ကြီး အထိုင်ချပြီး ပစ်နေတာ”လို့ မြို့ခံက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို နိုဝင်လာ ၃၀ရက်ကစပြီး တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။