Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့လူငယ်ကို စစ်တ​ပ်က သေနတ်နဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့ လူငယ် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအစောပိုင်းက မုံရွာမြို့မှာ ဆန္ဒပြပြည်သူများအား လိုက်လံဖမ်းဆီးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ် ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၅၊ ၂၀၂၅ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့ လူငယ် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၁၄ ရက် မနက် ၈နာရီခန့်က မုံရွာမြို့၊ ပညာရေးကောလိပ်အနီးမှာ အလုပ်သွားတဲ့လူငယ်တစ်ဦးဟာ ပေါ်တာဆွဲဖမ်းဆီးမယ့် စစ်ကားနဲ့တိုးလို့ ပြန်လှည့်ရာ စစ်အု​ပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

“ကောင်လေးက တီတီစီကျောင်းနား အလုပ်သွားလုပ်တာ။ ခွေးကားနဲ့တိုးလို့ ပြန်လှည့်ပြေးတော့ အပစ်ခံလိုက်ရတာ”လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ခံလိုက်ရတဲ့လူငယ်ဟာ မုံရွာနယ်အတွင်း ကျေးရွာတစ်ရွာကဖြစ်ပြီး ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီက​နေ့မနက်ပိုင်းမှာလည်း မုံရွာမြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးနေပြီး နွားခြံကုန်းရွာက လူငယ် ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်တပ်က အချိန်မရွေးပေါ်တာဆွဲဖမ်းဆီးနေလို့ သတိပြုသွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။