Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် ၂ရက်ဆက်လေကြောင်းတိုက်ခိုက်ခံရလို့ ပြည်သူ ၁၃ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ ၁၃ဦးထက်မနည်း သေဆုံးကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ် လေကြောင်းပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်ပအဖ

​ဒီဇင်ဘာ-၁၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ ၁၃ဦးထက်မနည်း သေဆုံးကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ခင်ဦးမြို့ မြေနီသျှိုလမ်းဆုံအနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၄စီး၊ ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ လေကြောင်းပစ်ခတ်ခဲ့ရာ ဆီခြံပေါ်တည့်တည့်ကျပြီး သေဆုံးပြည်သူ၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဆီခြံပေါက်ကွဲမီးလောင်ခဲ့လို့ ရွှေဘို-မြစ်ကြီးနားလမ်းကြောပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ ဈေးဆိုင်ရှင်များ၊ အရပ်သားများ ထိခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ခင်ဦးလမ်းဆုံမှာ အခြေအနေဆိုးရွားနေလို့ ကားတွေ ရွှေဘိုမြို့အနီးထိ ပြန်ဆုတ်ထားရကြောင်း ကားသမားအချို့က ပြောပါတယ်။

“အခြေနေမတည်ငြိမ်သေးဘူး။ ခရီးသည်တွေမလိုက်သင့်ဘူး။ ရက်ကြာနိုင်သလို အန္တရာယ်လဲများတယ်”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

မနေ့ကလည်း ခင်ဦးနယ် အရှေ့တောင်ခြမ်း ဧရာဝတီ မြစ်ကူးဆိပ်ကမ်းနှစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာ ၅စီးနဲ့ အကြိမ်ရေ ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်လို့ မန္တလေး-စဉ်ကူးနယ်က ဒေသခံ ၇ဦးခန့်သေဆုံးခဲ့ကာ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“မနေ့က ပစ်ခတ်တိုက်ခိုက်တဲ့နေရာက လိုင်းမရတာကြောင့် ပုံမရသေးဘူး။ ဒီနေ့ ဖြစ်တာလည်း ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ဆိုတော့ သူတို့ပိတ်ထားတဲ့ လမ်းဆိုတော့ ရှင်းလင်းရေး အပြီးမဝင်နိုင်သေးဘူး”လို့ ၎င်းအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်မှုတွေဟာ မြေပြင်မှာ ပိုများနိုင်ကြောင်း၊ ယခုရက်ပိုင်း ခင်ဦးနယ်ကို စစ်တပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေလို့ ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ညကလည်း ရေဦးနဲ့ဝက်လက်နယ်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook