Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်ဟု KNDF ထုတ်ပြန်

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု KNDFက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင် ယနေ့(ဒီဇင်ဘာ၃ရက်)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန် သည်။

ယနေ့ နေ့လည် ၁နာရီခန့်မှစတင်၍ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီဝက်ကျော်ကြာမြင့်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု KNDFက ဆိုသည်။

ထိုတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေများကိုမသိရသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခြေတော်ရာဘုရားတောင်နှင့် သဲတောင်တို့တွင်တပ်စွဲထားပြီး တောင်ခြေရပ်ကွက်များသို့ တပ်ဖြန့်ကာ ပြည်သူ့ ပစ္စည်းဥစ္စာများကို လုယူခြင်း နေအိမ်များကို မီးရှို့ဖျက်စီးခြင်း စသော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။