Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်ဟု KNDF ထုတ်ပြန်

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု KNDFက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင် ယနေ့(ဒီဇင်ဘာ၃ရက်)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန် သည်။

ယနေ့ နေ့လည် ၁နာရီခန့်မှစတင်၍ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီဝက်ကျော်ကြာမြင့်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်စီးခဲ့သည်ဟု KNDFက ဆိုသည်။

ထိုတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေများကိုမသိရသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခြေတော်ရာဘုရားတောင်နှင့် သဲတောင်တို့တွင်တပ်စွဲထားပြီး တောင်ခြေရပ်ကွက်များသို့ တပ်ဖြန့်ကာ ပြည်သူ့ ပစ္စည်းဥစ္စာများကို လုယူခြင်း နေအိမ်များကို မီးရှို့ဖျက်စီးခြင်း စသော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook