Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအရှေ့ပိုင်းက မြို့တစ်မြို့ကို ယူကရိန်း လက်လွှတ်လိုက်ရ

နိုင်ငံအရှေ့ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့တစ်မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံအရှေ့ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့တစ်မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။

ဆီဗာရက်စ်ခ်မြို့ကို လက်လွှတ်ခဲ့ရကြောင်း ယူကရိန်း စစ်တပ်က ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ဖြည်းဖြည်းနဲ့မှန်မှန် ဆက်ပြီး ရှေ့တိုးလာနေပါတယ်။

တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ မပြုန်းတီးစေဖို့၊ တိုက်ခိုက်ရေး ယူနစ်တွေ ထပ်ပြီး မဆုံးရှုံးဖို့အတွက် ဆီဗာရက်စ်ခ်ကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ယူကရိန်း စစ်တပ်က ကြေညာပါတယ်။ ပြီးတော့ မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရုရှားရဲ့ စစ်အင်အားက ခုခံနေတဲ့ ယူကရိန်း ကာကွယ်ရေး တပ်တွေထက် အရမ်းသာလွန် များပြားနေတယ်လို့လည်း ဆိုပါတယ်။

ဆီဗာရက်စ်ခ်ကို သိမ်းယူနိုင်ခဲ့ခြင်းဟာ ဒွန်းညက်စ်ခ်ဒေသမှာ ယူကရိန်းရဲ့ လက်ကျန် ထိန်းချုပ်ထားဆဲ ဧရိယာတွေဖြစ်ပြီး ခံတပ်မြို့တွေအသွင် ပြောင်းလဲထားတဲ့ ဆလိုဗင့်စ်ခ်နဲ့ ခရာမာတော့စ်ခ်တို့နဲ့ ရုရှားတပ်တွေကို ပိုနီးကပ်လာစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားဟာ ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေ ဖွဲ့စည်းပါဝင်တဲ့ ဒွန်းဘက်စ်ခ် ဒေသ တစ်ခုလုံးကို သိမ်းယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားထားပါတယ်။ တကယ်လို့ ယူကရိန်းနဲ့ စစ်ရပ်စဲရေးကိစ္စ ညှိနှိုင်း အောင်မြင်ရင်လည်း ဒွန်းဘက်စ်ခ်ကို ရုရှားဆီ လွှဲပေးရမယ်လို့ ပူတင်က အတိအလင်း တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စတင် ကျူးကျော်ခဲ့တဲ့ ရုရှားဟာ လက်ရှိမှာတော့ ယူကရိန်း ပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။