Connect with us

Hi, what are you looking for?

News

PDF ​တွေကို NUGက ရိက္ခာဖိုးများ စတင်ထောက်ပံ့

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးကလည်း NUG ၏ ရိက္ခာဖိုးထောက်ပံ့ငွေများ ၎င်းတို့တပ်ဖွဲ့ထံ ရောက်ရှိလာပြီဖြစ်ကြောင်း လူထုနွေဦးသို့ အတည်ပြုသည်။

ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရိက္ခာဖိုးများ စတင်ထောက်ပံ့​ပေးနေပြီဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ​ပြောသည်။

ထိုသို့ထောက်ပံ့ရာတွင် တပ်ရင်းတစ်ခုချင်းစီ၏ လူဦးရေအလိုက်ထောက်ပံ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရိက္ခာဖိုးအဖြစ် တစ်ဦးလျှင်ကျပ်၂,၀၀၀ နှုန်းထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ရက်ကပဲ ကျနော်တို့တပ်ရင်းအတွက် ရိက္ခာဖိုးထုတ်ယူပြီးပါပြီ။ တပ်ရင်းထဲမှာရှိတဲ့လူဦးရေအလိုက် ရရှိတာဖြစ်ပါတယ်။ တစ်ယောက်ကို ၂,၀၀၀ နှုန်းနဲ့ပါ။ နောက်ပိုင်းမှာလဲ လက်နက်တပ်ဆင်ရေးအစီအစဉ် ထပ်လာမယ်လို့မျှော်လင့်ရပါတယ်”ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ် လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ကိုဇေယျာလွင်က ၎င်း၏လူမှုကွန်ရက်တွင် အသိ​ပေးရေးသားထားသည်။

အလားတူ Dawna Brothers PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့တပ်ဖွဲ့ထံ NUG ၏ ထောက်ပံ့မှု ဝင်ရောက်လာပြီဖြစ်ကြောင်း အများပြုသူအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးကလည်း NUG ၏ ရိက္ခာဖိုးထောက်ပံ့ငွေများ ၎င်းတို့တပ်ဖွဲ့ထံ ရောက်ရှိလာပြီဖြစ်ကြောင်း လူထုနွေဦးသို့ အတည်ပြုသည်။

“လူဦး​ရေ​ပေါ်မူတည်ပြီးခွဲတမ်းနဲ့ ထောက်ပံ့တာ”ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုး(NUG)၏ ကာကွယ် ရေးဝန်းကြီး ဦးရည်မွန်နှင့် လူထုနွေဦးသတင်းဌာနတို့ ဆက်သွယ်မေးမြန်းချက်တွင် ၎င်းတို့အနေဖြင့် ရရှိလာသည့်ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး PDF များထံ ထောက်ပံပေးနေကြောင်း ပြောသည်။

လက်ရှိတွင် ခုခံစစ်အတွက် အရေးတကြီးလိုအပ်သော လက်နက်တပ်ဆင်ပေးရေးအပိုင်း၌ပင် PDF သင်တန်း ဆင်းအားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ရေးမှာ ကြီးမားသညိ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“အဲဒီတော့ အခုလက်နက်တပ်ဆင်နိုင်မှုဆိုတာက ရန်ပုံငွေရရှိမှုနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ရန်ပုံငွေက ခွင့်ပြုသလောက်ရနိုင်သမျှ လက်နက်တွေကို ကျွန်တော်တို့ ဦးစားပေးအစီအစဥ်အတိုင်း တပ်ဆင်ပေးနေတယ်လို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

NUG မှရရှိထားသော စာရင်းများအရ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နိုင်ငံအနှံ့အ​ပြား၌ တိုက်ပွဲဝင်နေပြီး ပုံစံသုံးမျိုးဖြင့် တည်ရှိနေကြောင်း သိရသည်။

၎င်းတို့တွင် တပ်မတော်တစ်ရပ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၊မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်(ကပဖ)နှင့် လူငယ်များအစုအဖွဲ့အလိုက်လှုပ်ရှားနေသည့် LDF စသည်တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။