Connect with us

Hi, what are you looking for?

သတင်း

ခရစ္စမတ်နေ့မှာ မြဝတီတောင်ဘက် ဖလူးကြီးရွာအနီးတိုက်ပွဲဖြစ်

မြဝတီမြို့တောင်ဘက်ဖလူးကြီးကျေးရွာအနီးမှာဒီနေ့ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅)ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ – ၂၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

မြဝတီမြို့တောင်ဘက်ဖလူးကြီးကျေးရွာအနီးမှာဒီနေ့ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅)ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

လေးကေကော်မြို့အနီးရသေ့ဂူကျေးရွာကနေဖလူးကြီး၊ဖလူးလေးကျေးရွာဘက်ကို ဦးတည်ကာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်တာပါ။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ဟာ ဖလူးကြီး၊ ဖလူးလေးကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လက်ခတ်တောင်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာလို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“အခြေအနေက တော်တော်ကြမ်းတယ်၊ လက်နက်ကြီးတွေလည်းပစ်တယ် လေယာဉ်ကတော့ မလာသေးဘူး” လို့ ဒီမနက်ပိုင်းမှာ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၁၉)ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား ရသေ့ဂူနဲ့ ဖလူးကြီးရွာကြားမှာ တိုက်ပွဲဖြစ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့တောင်ဘက်ကိုစိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စစ်ကြောင်း သုံး ကြောင်းနဲ့ စစ်ရေးလှုပ်ရှားလာခဲ့တာဖြစ်ပြီး ဒီနေ့ အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

မြဝတီမြို့နယ်ဟာ အခုလ ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် စစ်ကောင်စီ ရဲ့ရွေးကောက်ပွဲအပိုင်း(၁)မှာ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။