Connect with us

Hi, what are you looking for?

သတင်း

လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြားက သစ်ဖုလတောင်တပ်စခန်းကို PDFတွေ သိမ်းနိုင်ခဲ့လို့ KIA ဖော်ပြ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်။ ဓာတ်ပုံ-CJ

ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။

သစ်ဖုလတောင်တပ်စခန်းကို ဒီဇင်ဘာ ၁၉ရက်မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၂၀ရက်မနက်ပိုင်း ၁၀နာရီ ဝန်းကျင်မှာ သိမ်းနိုင်ခဲ့တာလို့ ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြထားတာပါ။

အဲဒီ သစ်ဖုလ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဇွန်လကတည်းက တပ်စွဲထားတဲ့အရေးပါတဲ့ တပ်ဖြစ်ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူး‌ပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကောလင်းခရိုင် တပ်ရင်း(၂)ကလည်း စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းဖော်ပြကာ စစ်ဆင်ရေးအတွင်း ရဲဘော် ၁၂ဦးသာ ဒဏ်ရာရခဲ့ပြီးကျဆုံးမှုမရှိဘူးလို့ အသိပေးပါတယ်။ တပ်ပေါင်းစု စစ်ဆင်ရေးဖြစ်လို့ ကောလင်းခရိုင် တပ်ရင်း(၂)နဲ့ ဆိုင်တဲ့ အချက်အလက်သာဖော်ပြထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေမှာ PDF တပ်တွေနဲ့အတူ ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပါတယ်။ အလားတူ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေမှာလည်း PDF တပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲနေတာပါ။ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးမှာလည်း KIA တပ်တွေ ပါဝင်ခဲ့ပေမယ့် အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမောက်တိုက်ပွဲဟာ NUG အမှတ်(၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ စစ်ရေးဖော်ဆောင်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၂၀ရက်က ဗန်းမောက်မြို့သိမ်းပိုက်နိုင်မှု နဲ့ပတ်သက်ပြီး KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က PDF တွေကို ဂုဏ်ပြုခဲ့ပြီး အတွေ့အကြုံနဲ့ စွမ်းရည်မြင့်လာတဲ့ PDF ပြည်သူ့အတွက် အောင်ပွဲတွေ ပိုပြီး ရရှိနိုင်ပါစေလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။