Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့ နွားထိုးကြီးမှာ တစ်ပတ်အတွင်း ရွာငါးရွာ မီးရှို့ခံရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

တလုပ်ရွာမီးရှို့ခံထားရတာကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ Google Earth က မှတ်တမ်းတင်ထားတာကိုတွေ့ရပုံ

ဒီဇင်ဘာ – ၂၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

တလုပ်ရွာမီးရှို့ခံထားရတာကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ Google Earth က မှတ်တမ်းတင်ထားတာကိုတွေ့ရပုံ

မီးရှို့ခံရတဲ့ ရွာတွေကတော့ မြင်းခြံမြို့နယ်ထဲက တလုပ်ရွာ ၊အိုင့်မရွာ ၊ နွားထိုးကြီးမြို့နယ်ထဲ ခံစပ်ကုန်းအရှေ့ရွာ ၊ ခံစပ်ကုန်းအနောက်ရွာ ၊မင်းရွာတို့ဖြစ်ပြီးဒီဇင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၂၄ အထိ စစ်ကြောင်းထိုး မီးရှို့ခံရတာပါ။

တလုပ်ရွာမှာ အိမ်ခြေ ၁,၀၀၀ ၊ အိုင့်မရွာမှာ အိမ်ခြေ ၃၀၀ ၊ ခံစပ်ကုန်းအရှေ့ရွာနဲ့ ခံစပ်ကုန်းအနောက်ရွာမှာကတော့ အိမ်ခြေ ၄၀၀ခန့်နဲ့ မင်းရွာက အိမ်ခြေ ၈၀ကျော် မီးရှို့ခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တလုပ်ကတော့ ငါးခါလောက်ရှိပြီ ရှို့ခံရတာ အကုန်ပြောင်သလောက်ဖြစ်သွားတာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြင်းခြံမြို့နယ်ထဲကကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါးက လွတ်ရာကို တိမ်းရှောင်နေရဆဲပါ။

ဆုံရွာ၊ရွာကြီး၊ကံနှောင်း၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်မှာတော်လှန်ရေးတပ်တွေနဲ့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်တို့ကြား ဒီဇင်ဘာလ ၂၁ ရက်ကစတင်တိုက်ပွဲဖြစ်ခဲ့ပေမယ့်လတ်တလောမှာတော့ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့သိရပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

ဓာတ်ပုံ – Google Earth

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။