Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာပေါက်ကွဲသံ​တွေဆက်တိုက်ကြား​နေရ

မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မီး​ရောင်တထိန်ထိန်နဲ့ မန္တ​လေးမြို့ရဲ့ ညပိုင်းအလှ။ဓါတ်ပုံ-Myanmar Skyline

ဒီဇင်ဘာ-၂၇၊၂၀၂၅။​မေ/People’s Spring

မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီဇင်ဘာ၂၈ရက် နေ့၊ဒီနေ့မနက် အ​စော ၁နာရီမှာ မြို့တွင်းမြို့ပြင်အားလုံးနီးပါး ပေါက်ကွဲသံ တွေကြားရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“အသံ၅ခါကြားရတယ်။အာဏာသိမ်းခါစကိုပြန် ရောက်သွားသလိုပဲ”လို့ ဒေသခံ တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲတဲ့ နေရာ တွေကို မသိရ ပေမယ့် အသံ တွေကို မန္တလေးမြောက်ပြင် ၁ဝ လမ်းကနေ ၁၁၀(မနော်ဟရီလမ်း)နေသူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေအထိ ကြားရတယ်လို့ သိရပါတယ်။

​ပေါက်ကွဲသံအချို့က နန်းတွင်းထဲကလို့ထင်​ကြောင်းဒေသခံအချို့က​ပြောပါတယ် ။ဒါအပြင် မင်းကွန်းဘက်မှာလည်း​ပေါက်ကွဲသံ​တွေဆက်တိုက်ကြား​နေရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတမြို့လုံး လုံခြုံ ရေးတင်းကြပ်ထားချိန်အခုလို ပေါက်ကွဲမှု​တွေဆက်တိုက်ဖြစ်​နေတာပါ။

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မြဝတီ ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့ မြို့နယ်​တွေမှာလည်း​ပေါက်ကွဲမှု​​တွေဆက်တိုက်ဖြစ်​နေပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook