Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းမှလမ်းပိုင်းနှစ်ခုယာယီပိတ်​ကြောင်းPDFနှစ်ဖွဲ့​ကြေညာ

“ပြည်သူလူထု ဘေးကင်းရေး နှင့်ထိခိုက်မှုမရှိစေရန် အရေးပေါ် ပိတ်လိုက်ရတာပါဗျ။ ဒီထက်ပိုပြောလို့ မရလို့ပါခင်ဗျ။”ဟု မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြေကြားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းနှစ်ခုအား ယနေ့ (ဒီဇင်ဘာလ၄ ရက်) ည ၇း၃ နာရီမှစတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးနှင့်မုံရွာ ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးကြေညာသည်။

မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းတို့အား ယာယီပိတ်ထားလိုက်ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်မည့်အချိန်နှင့်နေ့ရက်ကို ကြေညာပေးသွားမည်ဟု ချောင်းဦးနှင့်မုံရွာ ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးသည်။

“ပြည်သူလူထု ဘေးကင်းရေး နှင့်ထိခိုက်မှုမရှိစေရန် အရေးပေါ် ပိတ်လိုက်ရတာပါဗျ။ ဒီထက်ပိုပြောလို့ မရလို့ပါခင်ဗျ။”ဟု မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြေကြားသည်။

မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းများအားနိုဝင်ဘာလ ၂၈ ရက်နေ့ညမှ နိုဝင်ဘာလ၃၀ ရက်နေ့ နံနက်ပိုင်းအထိ ပိတ်ထားခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်း အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီတ​ပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်ခြင်းများပြုလုပ်နေပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မန္တလေးမှ မုံရွာသို့လာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်တင်ကားတန်းအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတ​ပ်သားနှစ်ဦးသေဆုံးပြီး ကားတစ်စီးလည်း ရှေ့ပိုင်းတစ်စစီဖြစ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။