Connect with us

Hi, what are you looking for?

News

ဒေတာနှုန်းထားတိုးမြှင့်မှုအ​ပေါ် ပြန်သုံးသပ်ရန် ဖုန်း​အော်ပ​ရေတာ​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်​များ သတိ​ပေး

စစ်ကောင်စီလက်ပါးစေအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်တုံ့ပြန်ခြင်းကို ထိရောက်ပြင်းထန်စွာခံကြရမည်ဖြစ်ကြောင်း Mytel တာဝါတိုင်များက သက်သေခံလျှက်ရှိသည်။

People's Spring
People's Spring

ဖုန်းအော်ပရေတာများအ​နေဖြင့် ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်လိုက်ခြင်းကို အချိန်မီပြန်လည် သုံးသပ်ပြင်ဆင်ရန် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ယနေ့ (ဒီဇင်ဘာ ၅ ရက်)က သတိပေးချက်များ အသီး သီးထုတ်ပြန်သည်။

ပြည်သူသို့ထုတ်ပြန်ကြေညာထားသည့် ဒီဇင်ဘာ၇ရက်မှစ၍ ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်လိုက်ခြင်း အကြောင်းအရာနှင့် ပတ်သက်ပြီးကြားသိရသည့် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဦးစွာပြောကြားလိုသည်ဟု အသိပေးသည်။

၂၀၂၁ နွေဦးတော်လှန်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ပြည်သူ့တော်လှန်ရေးဖြစ်ပါပြီး ဖုန်းအော်ပရေတာများသည် ပြည်သူကို ဝန်ဆောင်မှုပေးနေကြသူများဖြစ်သဖြင့် ပြည်သူ့အကျိုးကိုသာ ဦးစားပေး စဉ်းစား လုပ်ကိုင်ရမည်ဖြစ်ကာ ပြည်သူ့မျက်နှာကို ကြည့်ရန်လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ​ပြောသည်။

ထိုသို့မဟုတ်သည့် ဖုန်းအော်ပရေတာများကို အကြမ်း ဖက်စစ်အာဏာရှင်အုပ်စု၏ လက်ပါးစေများအဖြစ် မိမိတို့ PDF များက သတ်မှတ်ရမည်ဟုလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်ပါးစေအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်တုံ့ပြန်ခြင်းကို ထိရောက်ပြင်းထန်စွာခံကြရမည်ဖြစ်ကြောင်း Mytel တာဝါတိုင်များက သက်သေခံလျှက်ရှိသည်။

ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်ရန်စီစဉ်နေသော ဖုန်းအော်ပရေတာများအားလုံး ပြည်သူ့မျက်နှာကို ကြည့်ကြရန် အရေးကြီးကြောင်းလည်း ထပ်ဆင့် သတိပေးသည်။

ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင် ရွက်ကြရန် လိုပြီး အချိန်မီပြန်လည် သုံးသပ်ပြင်ဆင်ရန် ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

ထိုသို့မဟုတ်ပဲ အကြမ်းဖက်စစ်ကောင်စီ ခိုင်းစေသမျှကို ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင်တော့ ယခင် Mytel တာဝါတိုင်များနည်းတူ ပြတ်သားစွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

ဒီဇင်ဘာ ၇ ရက်ကစ၍ 1GB ကို သုံးထောင်ကျပ်၀န်းကျင်ဖြင့် နှစ်ဆကျော်တိုးမြှင့်ကောက်ခံမည်ဟု ဖုန်းအော်ပရေတာအသီးသီးက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

Facebook