Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေတာနှုန်းထားတိုးမြှင့်မှုအ​ပေါ် ပြန်သုံးသပ်ရန် ဖုန်း​အော်ပ​ရေတာ​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်​များ သတိ​ပေး

စစ်ကောင်စီလက်ပါးစေအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်တုံ့ပြန်ခြင်းကို ထိရောက်ပြင်းထန်စွာခံကြရမည်ဖြစ်ကြောင်း Mytel တာဝါတိုင်များက သက်သေခံလျှက်ရှိသည်။

People's Spring
People's Spring

ဖုန်းအော်ပရေတာများအ​နေဖြင့် ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်လိုက်ခြင်းကို အချိန်မီပြန်လည် သုံးသပ်ပြင်ဆင်ရန် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ယနေ့ (ဒီဇင်ဘာ ၅ ရက်)က သတိပေးချက်များ အသီး သီးထုတ်ပြန်သည်။

ပြည်သူသို့ထုတ်ပြန်ကြေညာထားသည့် ဒီဇင်ဘာ၇ရက်မှစ၍ ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်လိုက်ခြင်း အကြောင်းအရာနှင့် ပတ်သက်ပြီးကြားသိရသည့် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဦးစွာပြောကြားလိုသည်ဟု အသိပေးသည်။

၂၀၂၁ နွေဦးတော်လှန်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ပြည်သူ့တော်လှန်ရေးဖြစ်ပါပြီး ဖုန်းအော်ပရေတာများသည် ပြည်သူကို ဝန်ဆောင်မှုပေးနေကြသူများဖြစ်သဖြင့် ပြည်သူ့အကျိုးကိုသာ ဦးစားပေး စဉ်းစား လုပ်ကိုင်ရမည်ဖြစ်ကာ ပြည်သူ့မျက်နှာကို ကြည့်ရန်လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ​ပြောသည်။

ထိုသို့မဟုတ်သည့် ဖုန်းအော်ပရေတာများကို အကြမ်း ဖက်စစ်အာဏာရှင်အုပ်စု၏ လက်ပါးစေများအဖြစ် မိမိတို့ PDF များက သတ်မှတ်ရမည်ဟုလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်ပါးစေအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်တုံ့ပြန်ခြင်းကို ထိရောက်ပြင်းထန်စွာခံကြရမည်ဖြစ်ကြောင်း Mytel တာဝါတိုင်များက သက်သေခံလျှက်ရှိသည်။

ဒေတာသုံးစွဲခနှုန်းထားများ တိုးမြှင့်ရန်စီစဉ်နေသော ဖုန်းအော်ပရေတာများအားလုံး ပြည်သူ့မျက်နှာကို ကြည့်ကြရန် အရေးကြီးကြောင်းလည်း ထပ်ဆင့် သတိပေးသည်။

ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင် ရွက်ကြရန် လိုပြီး အချိန်မီပြန်လည် သုံးသပ်ပြင်ဆင်ရန် ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

ထိုသို့မဟုတ်ပဲ အကြမ်းဖက်စစ်ကောင်စီ ခိုင်းစေသမျှကို ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင်တော့ ယခင် Mytel တာဝါတိုင်များနည်းတူ ပြတ်သားစွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

ဒီဇင်ဘာ ၇ ရက်ကစ၍ 1GB ကို သုံးထောင်ကျပ်၀န်းကျင်ဖြင့် နှစ်ဆကျော်တိုးမြှင့်ကောက်ခံမည်ဟု ဖုန်းအော်ပရေတာအသီးသီးက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။