Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရမ်းနောက်မကျခင် ညှိနှိုင်းဖို့ ကျူးဘားကို ထရမ့် သတိပေး

အရမ်းနောက်မကျသေးခင် အမေရိကန်နဲ့ ညှိဖို့ ကျူးဘား အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

အရမ်းနောက်မကျသေးခင် အမေရိကန်နဲ့ ညှိဖို့ ကျူးဘား အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

သဘောတူညီမှု တစ်ခုကို ညှိနှိုင်းရှာဖွေမလား၊ ဒါမှမဟုတ် အကျိုးဆက်တွေကို ရင်ဆိုင်မလားလို့ ထရမ့်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျူးဘားအစိုးရကို ရည်ရွယ်ပြီး ခြိမ်းခြောက် ပြောကြားသွားပါတယ်။ ကျူးဘားအတွက် အဓိက မှီခိုနေရတဲ့ ဗင်နီဇွဲလားဆီက ရေနံနဲ့ ငွေကြေးတွေ စီးဝင်မှုဟာ အခုအခါ လုံးဝ ရပ်တန့်သွားပြီ ဖြစ်တာကြောင့် ကျူးဘား အနေနဲ့ ခေါင်းမာမနေသင့်တော့ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန်က အထူးစစ်ဆင်ရေး တစ်ရပ် ဆင်နွှဲပြီး ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို သမ္မတအိမ်တော်ထဲထိ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အသစ်တက်လာတဲ့ ဗင်နီဇွဲလား ယာယီ အစိုးရဟာ အမေရိကန်ရဲ့ တောင်းဆိုမှု အများအပြားကို လိုက်လျောလက်ခံခဲ့ရပါတယ်။ ဗင်နီဇွဲလားဆီက တင်ပို့တဲ့ ရေနံကို အဓိက ဝယ်ယူ အသုံးပြုနေရပြီး နိုင်ငံခြားငွေ ရရှိရေးအတွက်လည်း ဗင်နီဇွဲလားကို မှီခိုနေရတဲ့ ကျူးဘားအတွက်တော့ မဟာမိတ် မာဒူရို အစိုးရ ပြုတ်ကျသွားခြင်းက အကြီးအကျယ် ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်လာစေပါတယ်။

ကမ္ဘာပေါ်မှာ ရေနံအကြွယ်ဝဆုံး နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားဟာ မာဒူရို အစိုးရလက်ထက်မှာ ကျူးဘားကို နေ့စဉ် ရေနံစည်ပေါင်း ၃၅၀၀၀ လောက် ပုံမှန် တင်ပို့ပေးနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဆီက ခြိမ်းခြောက် သတိပေးစကားကို ကြားခဲ့တဲ့နောက် ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကြားဝင်စွက်ဖက်မှုကိုမှ ဂရုစိုက်စရာ မလိုဘဲ ရေနံတွေ ဆက်လက် ဝယ်ယူပိုင်ခွင့် ရှိတယ်လို့ တုံ့ပြန် ကြေညာခဲ့ပါတယ်။

ကျူးဘားသမ္မတ မီဂွယ်လ် ဒီယက်ဇ် ကာနဲလ်ကလည်း ကျူးဘားက ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာကို ပြင်ပက ဘယ်သူမှ စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

လေ့လာသူတွေကတော့ အရင်ကတည်းက လောင်စာဆီနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ရုန်းကန်နေရတဲ့ ကျူးဘားဟာ ဗင်နီဇွဲလားဆီက ရေနံလမ်းကြောင်းတွေကို ထရမ့်က ဖြတ်တောက်လာချိန်မှာ အခြေအနေ အရမ်း ဆိုးရွားလာနိုင်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

ထရမ့်က ကျူးဘားဟာ ဗင်နီဇွဲလားဆီက ရေနံနဲ့ ငွေကြေးကို မှီခိုပြီး နှစ်တွေအကြာကြီး ရှင်သန်နေခဲ့ကြောင်း၊ အပြန်အလှန် အနေနဲ့ ဗင်နီဇွဲလားရဲ့ နောက်ဆုံး အာဏာရှင် နှစ်ဆက်အတွက် ကျူးဘားက လုံခြုံရေး ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဒါပေမဲ့ ဒီအခြေအနေတွေ အားလုံး အခုတော့ ဆုံးခန်းတိုင်သွားပြီဖြစ်ကြောင်း ထရမ့်က ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရိုဒရီဂွတ်ဇ်ကတော့ နိုင်ငံအနေနဲ့ ရေနံနဲ့ လောင်စာတွေ တင်ပို့နိုင်ခွင့် အပြည့်အဝ ရှိပြီး အမေရိကန်ရဲ့ တစ်ဖက်သတ် ဖိအားပေး အကျပ်ကိုင်မှုတွေကိုလည်း အာရုံစိုက်နေမှာ မဟုတ်ကြောင်း၊ ကျူးဘားဟာ အမေရိကန် လုပ်နေသလိုမျိုး တခြားအချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကို အကျပ်ကိုင်တဲ့၊ ခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးတွေနဲ့လည်း လုံးဝ မပတ်သက်ကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမြေပုံကို အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို့ အညွှန်းစာရေးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။