Connect with us

Hi, what are you looking for?

သတင်း

ပေါက်မှာ စစ်တပ် စစ်ကြောင်းထိုးလို့ ကျေးရွာ ၂၀ကျော်က ပြည်သူတစ်သောင်းကျော် တိမ်းရှောင်ရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ရင်း စစ်ကြောင်းထိုးလို့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ပေါက်နယ်က စစ်ဘေးရှောင်တွေကို ၂၀၂၅ ဒီဇင်ဘာလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက် လူသားစာနာဌာန

ဇန်နဝါရီ-၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ရင်း စစ်ကြောင်းထိုးလို့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကစပြီး ပေါက်မြို့နယ်အတွင်း စစ်တပ်က အင်အား ၃၀၀ နီးပါးနဲ့ ပျူစောထီးရွာတွေကို ရိက္ခာပို့ဆောင် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၆ ရွာက အိမ်ထောင်စု ၃၀၀၀ ခန့်၊ ပြည်သူ ၁၃၀၀၀ နီးပါးဟာ ဘေးလွတ်ရာ တောတောင်ထဲတွေအပြင် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကပစ(၂၄)လက်နက် စက်ရုံ တောင်ဘက်ကနေ ၁၂ ရက် ၁၃ ရက်နေ့တွေက ထွတ်တဲ့စစ်ကြောင်းပါ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကပစ(၂၄)လက်နက်စက်ရုံကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေနဲ့ အိမ်မွေး ကျွဲနွားတိရိစ္ဆာန်ထိခိုက်မှုတွေရှိနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

စစ်ဘေးရှောင်အရေအတွက် များပြားလွန်းနေတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေ ရှိနေကြောင်း ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်မှာ ကာလရှည် နေရပ်စွန့်ခွာနေရတဲ့ ကျေးရွာ ၁၁ ရွာက အိမ်ထောင်စု တစ်ထောင်ကျော်၊ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ နီးပါးဟာ စားနပ်ရိက္ခာ ၊ ရေ ၊ အမိုးအကာ၊ ဆေးဝါးများလိုအပ်နေကြောင်း၊ ဒါ့အပြင် စစ်ဘေးရှောင် ကလေးအများစုဟာ ရေမသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဝေဒနာများ ခံစားနေရပြီး အကူအညီတွေလိုအပ်နေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

Facebook