Connect with us

Hi, what are you looking for?

သတင်း

စိုင်ပြင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်းက စိုင်ပြင်မြို့ကို ဒီကနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အရပ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

စိုင်ပြင်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ဒီပဲယင်း ပကဖ

▪️အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ဇန်နဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်းက စိုင်ပြင်မြို့ကို ဒီကနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အရပ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနက် ၁၁နာရီ ၄၅ မိနစ်မှာ ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တဲ့အပြင် ဒေသခံတွေရဲ့နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စိုင်ပြင်မြို့ဟာ ဒီပဲယင်းမြို့နယ်မှာ ပါဝင်ပါတယ်။

ဇန်နဝါရီ ၁၁ရက် ညနေကလည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ စာသင်ကျောင်းတစ်ခုလုံး ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၅ရက်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကိုလည်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူ ၁၈ဦး သေဆုံးခဲ့ပါတယ်။

ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ကနီမြို့က ဘုန်းကြီး‌ကျောင်းနဲ့ သာသနာ့နယ်မြေကိုလည်း စစ်ကောင်စီက ဇန်နဝါရီ ၁၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်းပျက်စီးပြီး သံဃာတော် တစ်ပါး ဒဏ်ရာရခဲ့ပါတယ်။

ဒေသတွင်းမှာ လေကြောင်းအန္တရာယ် ဆက်လက်သတိပြုကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

(စိုင်ပြင်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – ဒီပဲယင်း ပကဖ)

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook