Connect with us

Hi, what are you looking for?

News

ခရမ်းရဲစခန်း ပစ်ခတ်ခံရမှု စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

“ညတုန်းက ရဲစခန်းနဲ့ ပညာရေးမှူးရုံးကို ဗုံးနဲ့တိုက်ခိုက်တယ်လို့ သိရတယ်။ ရဲစခန်းထဲက အော်သံတွေလည်းကြားရတယ်”ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၅)ညက ခရမ်းမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို PDF ခရမ်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၀ မမဗုံးသီးသုံးလုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

“ညတုန်းက ရဲစခန်းနဲ့ ပညာရေးမှူးရုံးကို ဗုံးနဲ့တိုက်ခိုက်တယ်လို့ သိရတယ်။ ရဲစခန်းထဲက အော်သံတွေလည်းကြားရတယ်”ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်တွင် ခရမ်းမြို့မရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးများအနီး ပေါက်ကွဲမှုများဖြစ်ပွားချိန် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် သေနတ်သံများလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကြည်းတပ်နှင့် ရေတပ်ပေါင်း၍ အစောင့်ချထားသည်မှာ နွေဦးတော်လှန်ရေးအစောပိုင်းကာလကတည်းကဖြစ်ပြီး လက်ရှိတွင်လည်း ယင်းတပ်နှစ်တပ်ပေါင်းကာ တာဝန်ယူထားသည်။

အဆိုပါတပ်များသည် မြို့လုံခြုံရေးဟုဆိုကာ ခရမ်းမှ သုံးခွက်မြို့ဘက်အထွက် မြို့အဝင်ဂိတ်နှင့် ဒေသအခေါ် သစ်တောဂိတ်(သက်ကလဘက်အထွက်)တို့တွင် ၂၄ နာရီနီးပါး အစောင့်ချထားပြီး မြို့အရှေ့ဘက်ခြမ်း အဝင်အထွက်ကိုမူ ရံဖန်ရံခါ စောင့်ကြပ်စစ်ဆေးလျက်ရှိသည်။

ရဲစခန်းအား တိုက်ခိုက်မှုမဖြစ်ပွားမီ ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းကလည်း အထက်ပါပူးပေါင်းအဖွဲ့က ခရမ်းမြို့အရှေ့ဘက်ခြမ်း မြို့ဝင်ပေါက်၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထောက်ခံစာမပါသူများကို မြို့တွင်းသို့ပေးမဝင်ဘဲ ပျက်ယွင်း​​နေသည့် ရပ်ကျေးအုပ်ချုပ်ရေး ယန္တရား ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။