Connect with us

Hi, what are you looking for?

News

ပါ​ပေါင်းရွာတိုက်ပွဲတွင် ဒေသခံတစ်ဦး​ သေနတ်မှန်ကွယ်လွန်

ပါပေါင်းကျေးရွာတိုက်ပွဲသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး PDFဖက်က ထိခိုက်မှုမရှိခဲ့ချေ။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုမှုရှိ၊မရှိကိုမူမသိရကြောင်း ဗန်းမော်မြို့ခံများက ပြောသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပါ​ပေါင်း​ရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦး သေနတ်ကျည်ထိမှန် ကွယ်လွန်ခဲ့သည်။

ဗန်းမော်မြို့နယ်တစ်ဖက်ကမ်း ပါပေါင်းကျေးရွာတွင် ဒီဇင်ဘာလ ၄ရက်ကဖြစ်ပွားသော တိုက်ပွဲအတွင်း​ဒေသခံတစ်ဦး​ သေနတ်ကျည်ထိ့မှန်ကျဆုံးခဲ့ခြင်းဖြစ်သည်။​သေနတ်မှန် ကွယ်လွန်ခဲ့သူမှာ ပါ​ပေါင်းကျေးရွာ၏အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီအလုပ်အမှုဆောင် ဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“အိမ်ရှေ့မှာ ရှိနေတုန်း သေနတ်မှန်သွားတာ။ဦးမြင့်အေးက ပါတီအပေါ် သစ္စာရှိပြီး အခက်အခဲကာလမှာ တာဝန်ကျေသူပါ”ဟု ဗန်းမော်မြို့မှ ဒီချုပ်ပါတီထောက်ခံသူတစ်ဦးက ပြောသည်။

ဦးမြင့်အေးသည် သေဆုံးချိန်တွင် အသက် ၅၇ နှစ်ရှိပြီဖြစ်သည်။ ရွေးကောက်ပွဲအောင်နိုင်ရေးကာလတွင်ရောစစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလများတွင်ပါ ဒီချုပ်ပါတီကိုယ်စားပြုကာ ဒေသခံလူထုနှင့်အတူ ရပ်တည်ခဲ့သူဟုဗန်းမော်မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပါပေါင်းကျေးရွာတိုက်ပွဲသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး PDFဖက်က ထိခိုက်မှုမရှိခဲ့ချေ။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုမှုရှိ၊မရှိကိုမူမသိရကြောင်း ဗန်းမော်မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။