ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပါပေါင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦး သေနတ်ကျည်ထိမှန် ကွယ်လွန်ခဲ့သည်။
ဗန်းမော်မြို့နယ်တစ်ဖက်ကမ်း ပါပေါင်းကျေးရွာတွင် ဒီဇင်ဘာလ ၄ရက်ကဖြစ်ပွားသော တိုက်ပွဲအတွင်းဒေသခံတစ်ဦး သေနတ်ကျည်ထိ့မှန်ကျဆုံးခဲ့ခြင်းဖြစ်သည်။သေနတ်မှန် ကွယ်လွန်ခဲ့သူမှာ ပါပေါင်းကျေးရွာ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလုပ်အမှုဆောင် ဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“အိမ်ရှေ့မှာ ရှိနေတုန်း သေနတ်မှန်သွားတာ။ဦးမြင့်အေးက ပါတီအပေါ် သစ္စာရှိပြီး အခက်အခဲကာလမှာ တာဝန်ကျေသူပါ”ဟု ဗန်းမော်မြို့မှ ဒီချုပ်ပါတီထောက်ခံသူတစ်ဦးက ပြောသည်။
ဦးမြင့်အေးသည် သေဆုံးချိန်တွင် အသက် ၅၇ နှစ်ရှိပြီဖြစ်သည်။ ရွေးကောက်ပွဲအောင်နိုင်ရေးကာလတွင်ရောစစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလများတွင်ပါ ဒီချုပ်ပါတီကိုယ်စားပြုကာ ဒေသခံလူထုနှင့်အတူ ရပ်တည်ခဲ့သူဟုဗန်းမော်မြို့ခံများက ပြောသည်။

Public Service Announcement
ပါပေါင်းကျေးရွာတိုက်ပွဲသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး PDFဖက်က ထိခိုက်မှုမရှိခဲ့ချေ။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုမှုရှိ၊မရှိကိုမူမသိရကြောင်း ဗန်းမော်မြို့ခံများက ပြောသည်။
