Connect with us

Hi, what are you looking for?

သတင်း

ရာဘာခြစ်နေတဲ့အရပ်သူအမျိုးသမီးစစ်တပ်လက်ချက်နဲ့သေဆုံး

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix – Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Phoenix - Special Warfare Force

ဇန်နဝါရီ – ၂၂ ၊၂၀၂၆၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix – Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – Phoenix – Special Warfare Force

မနေ့ (ဇန်နဝါရီလ ၂၀ ရက်)​ ညနေပိုင်း ၆ နာရီ ၄၂ မိနစ်က ဝါးဘိုးကုန်းရွာ ၊အေးချမ်းသာယာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ဟာ ရာဘာခြံထဲမှာရာဘာခြစ်နေချိန်မှာပစ်ခတ်ခံရတာလို့တောတွင်းတိုက်ခိုက်ရေးနဲ့ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တွေ စုစည်းထားတဲ့ Phoenix – Special Warfare Force က ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးရာဘာခြစ်တဲ့ခြံဟာကြာအင်းဆိပ်ကြီးမြို့ အခြေ စိုက်စစ်ကောင်စီတပ်ရဲ့အမှတ် (၂၈၄) ခြေလျင်တပ်ရင်းရဲ့အနီးမှာရှိတယ်လို့ Phoenix – Special Warfare Force အဖွဲ့ရဲ့တပ်မှုးကိုထိန်လင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“(စစ်တပ်)စစ်ကြောင်းနဲ့တိုးတာတော့ မဟုတ်ဘူး၊ သူ့ခြံထဲမှာပဲ ရာဘာခြစ်နေတုန်းအပစ်ခံရတာပါ၊ ခေါင်းကို ထိမှန်ပြီး နေရာမှာတင် အသက်ထွက်သွားပါတယ်၊ သူ့ခြံက ၂၈၄ တပ်နဲ့ နီးပါတယ်” လို့ ကိုထိန်လင်းက ဆိုပါတယ်။

အရပ်သားအမျိုးသမီးတစ်ဦး အကြောင်းမဲ့ ပစ်သတ်ခံရတာလို့လည်း Phoenix – Special Warfare Force က က ဆိုထားပါတယ်။

စစ်ကောင်စီက လာမယ့်ရက်ပိုင်း ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၃)မှာ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေ ပါဝင်ကြပါတယ်။

ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပဖို့ နီးလာချိန်မှာ စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်မှာ သွားလာလှုပ်ရှားတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်စစ်ဆေးတာတွေ၊ ကင်းပုန်းဝပ်တာ စတာတွေ လုပ်ဆောင်နေတယ်လို့ ကြာအင်းဆိပ်ကြီးဒေသခံအချို့ဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။