Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးနဲ့ မင်းလှမြို့နယ်က စစ်တပ် ထိန်းချုပ်ထားတဲ့ရွာတွေကို ရဲဘော်တွေက စစ်တပ်ထုတ်ကုန်မရောင်းဖို့ လိုက်လံစည်းရုံး

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA က ထုတ်ပြန်ပါတယ်။

တွေ့ရှိရသော စစ်ကောင်စီထုတ်ကုန်များအား တွေ့ရစဥ်။ ဓာတ်ပုံ-USBA

ဇန်နဝါရီ-၂၂၊ ၂၀၂၆ ဇေအောင်/People’s Spring

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကနေ ဇန်နဝါရီ ၂၁ရက်အတွင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖြစ် လှုပ်ရှားနယ်မြေအတွင်း ရှာဖွေစစ်ဆေးခဲ့ရာမှာ မင်းဘူးမြို့နယ် မကျီးသုံးပင် ၊ ရေပေါ်ကြီး ၊ရေပေါ်လေး ၊ချောင်းဖြူ ၊ သီးကုန်း၊ ကျွန်းပြား ၊ဓာတ်ကုန်း ၊ကန်သာယာ(ခရုကန်) ကျေးရွာများနဲ့ အထက်မင်းလှမြို့နယ် ကျောက်ပုံ၊နွားလဲ ၊၀က်‌မြေကန်၊ နဂါးအိုင် ၊အိုးဘိုကုန်း၊ ရေပေါ် ၊စစ္စနို့ ၊ တောင်ဦး ၊ ပြည်စိုး ၊ရွာသာလှ ကျေးရွာများမှာ စစ်ကောင်စီ ထုတ်ကုန်တွေ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA က အသိပေးပါတယ်။

စစ်ကောင်စီထုတ်ကုန်တွေထဲက အရက်ဘီယာနဲ့ ဆေးလိပ်တွေ၊ ဘိလပ်မြေတွေ အများဆုံး တွေ့ရှိခဲ့ရတယ်လို့ USBAက ထပ်မံအသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ပြည်သူလူထု မနစ်‌နာစေဖို့ ပညာပေးကာတစ်လ သတ်မှတ်ပေးလိုက်ပြီး လက်ကျန်ကုန်ပစ္စည်းများကို တစ်လအတွင်း ရောင်းချပြီးတာနဲ့ စစ်ကောင်စီ ထုတ်ကုန်တွေကို ထပ်မံ ရောင်း၀ယ်ဖောက်ကားလက်၀ယ်ထားရှိ သုံးစွဲတာတွေ မလုပ်ကြဖို့ ရှင်းပြဆွေးနွေးကာ စည်းရုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA က အသိပေးပါတယ်။

အဲဒီဒေသတွေဟာ စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး မွှေနှောက်ခဲ့တဲ့ရွာတွေဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားအောက်ကရွာတွေဖြစ်ကြောင်း ရဲဘော်တွေကပြောပါတယ်။

“ကျနော်တို့က PDF တွေပါ မကြောက်ကြပါနဲ့ လို့ပြောတာကို ကြောက်လဲမကြောက် သိလည်းမသိ
တည့်တည့်ကြီး မေးချလိုက်တာများ PDF ဆိုဝာာ ဘာလဲ ငါတူတို့တဲ့။ မကွေးတိုင်းအတွင်းမှာကို အဲ့လို PDF ကို မမြင်ဖူးသေးတဲ့ ဒေသတွေ မကြားဖူးသေးတဲ့ ကျေးလက်ပြည်သူတွေ တကယ်ရှိနေပါသေးတယ်”လို့ အဆိုပါ တပ်ဖွဲ့က ရဲဘော်တစ်ဦးက ဆိုပါတယ်။

ပြည်သူလူထုကို မိတ်ဆက်ပြီး သိလိုတာတွေဖြေကြားကာ အားပေးစကားများပြောဆိုခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် – USBA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။