Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်သို့ ဝင်​ရောက်နိုင်​သော လမ်းပိုင်းများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်​ရေးတပ်များ အ​ရေး​ပေါ်သတိ​ပေး

အလားတူ “ခင်ဦး-ရေဦး- ဒီပဲယင်း လမ်းအားလုံး အရေးမကြီးလျှင် ခေတ္တရပ်ထားကြရန်၊ အကြောင်းမရှိဘဲ လမ်းပေါ် မတက်ကြပါနဲ့။တစ်စုံတစ်ခုဖြစ်လျှင် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း”ဟု ခင်ဦးဒေသပြည်သူ့တပ်ဖွဲ့ က အသိပေးသည်။

People's Spring
People's Spring

ရေဦး-ခင်ဦးမြို့လမ်း​​ကြောင်းမှတစ်ဆင့် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများအားလုံး သွားလာခြင်း မပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့(ဒီဇင်ဘာ ၇ ရက်)တွင် အရေးပေါ် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် ရေဦး-ခင်ဦးမြို့နယ်များမှတစ်ဆင့် စစ်ကူလာနိုင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။

“တန့်ဆည်မှာ အကြမ်းဖက်စစ်တပ်အထိုင် ရှိတယ်။အဲဒီကနေ ရေဦးမြို့ကနေတဆင့် ဒီပဲယင်း ကိုဝင်လာမယ်။ဒါကြောင့် ဒီလမ်းပိုင်းက အရမ်းကိုအရေးကြီးတယ်။ဒါကြောင့် ဖြစ်နိုင်ရင်ရေဦး မြို့နယ် အတွင်းက လမ်းပိုင်းများအားလုံးမှာ အသွားအလာရပ်ပေးပါ ။မမြင်ချင်ယောင်၊မကြားချင်ယောင်၊ဆောင်ပေးကြပါ ။ဒီပဲယင်း စစ်ဘေးရှောင်တွေကို တတ်နိုင်သမျှ ကူညီပေးကြပါ”ဟု ပြည်သူ့ကာကွယ် ရေးအဖွဲ့-ရေဦးမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ “ခင်ဦး-ရေဦး- ဒီပဲယင်း လမ်းအားလုံး အရေးမကြီးလျှင် ခေတ္တရပ်ထားကြရန်၊ အကြောင်းမရှိဘဲ လမ်းပေါ် မတက်ကြပါနဲ့။တစ်စုံတစ်ခုဖြစ်လျှင် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း”ဟု ခင်ဦးဒေသပြည်သူ့တပ်ဖွဲ့ က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်အစောပိုင်းကစ၍ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေ ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်များပါ အသုံးပြုပြီး လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့ကြောင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင်လမ်းပိုင်းနှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝအသုံးမပြုကြရန်လည်း အရေးပေါ်သတိပေးချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။