Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်သို့ ဝင်​ရောက်နိုင်​သော လမ်းပိုင်းများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်​ရေးတပ်များ အ​ရေး​ပေါ်သတိ​ပေး

အလားတူ “ခင်ဦး-ရေဦး- ဒီပဲယင်း လမ်းအားလုံး အရေးမကြီးလျှင် ခေတ္တရပ်ထားကြရန်၊ အကြောင်းမရှိဘဲ လမ်းပေါ် မတက်ကြပါနဲ့။တစ်စုံတစ်ခုဖြစ်လျှင် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း”ဟု ခင်ဦးဒေသပြည်သူ့တပ်ဖွဲ့ က အသိပေးသည်။

People's Spring
People's Spring

ရေဦး-ခင်ဦးမြို့လမ်း​​ကြောင်းမှတစ်ဆင့် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများအားလုံး သွားလာခြင်း မပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့(ဒီဇင်ဘာ ၇ ရက်)တွင် အရေးပေါ် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် ရေဦး-ခင်ဦးမြို့နယ်များမှတစ်ဆင့် စစ်ကူလာနိုင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။

“တန့်ဆည်မှာ အကြမ်းဖက်စစ်တပ်အထိုင် ရှိတယ်။အဲဒီကနေ ရေဦးမြို့ကနေတဆင့် ဒီပဲယင်း ကိုဝင်လာမယ်။ဒါကြောင့် ဒီလမ်းပိုင်းက အရမ်းကိုအရေးကြီးတယ်။ဒါကြောင့် ဖြစ်နိုင်ရင်ရေဦး မြို့နယ် အတွင်းက လမ်းပိုင်းများအားလုံးမှာ အသွားအလာရပ်ပေးပါ ။မမြင်ချင်ယောင်၊မကြားချင်ယောင်၊ဆောင်ပေးကြပါ ။ဒီပဲယင်း စစ်ဘေးရှောင်တွေကို တတ်နိုင်သမျှ ကူညီပေးကြပါ”ဟု ပြည်သူ့ကာကွယ် ရေးအဖွဲ့-ရေဦးမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ “ခင်ဦး-ရေဦး- ဒီပဲယင်း လမ်းအားလုံး အရေးမကြီးလျှင် ခေတ္တရပ်ထားကြရန်၊ အကြောင်းမရှိဘဲ လမ်းပေါ် မတက်ကြပါနဲ့။တစ်စုံတစ်ခုဖြစ်လျှင် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း”ဟု ခင်ဦးဒေသပြည်သူ့တပ်ဖွဲ့ က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်အစောပိုင်းကစ၍ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေ ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်များပါ အသုံးပြုပြီး လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့ကြောင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင်လမ်းပိုင်းနှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝအသုံးမပြုကြရန်လည်း အရေးပေါ်သတိပေးချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။