Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းမှာ နယ်မြေရှင်းလင်းရေးထွက်တဲ့ စစ်တပ် စစ်ကြောင်း ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်ပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ PDF ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာရဲ့ ပြည်ခရိုင် တပ်ရင်း(၂)က မနေ့ (ဇန်နဝါရီ ၃၁ ရက် )မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ – ၁ ၊၂၀၂၆/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်ပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ PDF ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာရဲ့ ပြည်ခရိုင် တပ်ရင်း(၂)က မနေ့ (ဇန်နဝါရီ ၃၁ ရက် )မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၂၈ ရက် က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဟာ နယ်မြေရှင်းလင်းရေးအတွက် ထွက်ခွာလာချိန်မှာ အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ၊ ပြောင်းချောင်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ တိုက်ခိုက်တာခံရတာပါ။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးများပြီး တပ်ပြန်ဆုတ်သွားရတယ်လို့သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးတယ်လို့ ဆိုထားပေမယ့် People’s Spring ကတော့သီးခြား အတည်မပြုနိုင်ပါဘူး။

တိုက်ခိုက်ခံမှုကြောင့် ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို နောက်ရက် ဇန်နဝါရီလ ၂၉ ရက်မှာ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း အုတ်တွင်းမြို့နယ် အတွင်းမှာပဲ PDF ပူးပေါင်းတပ်တွေက စောင့်ကြို တိုက်ခိုက်ရာမှာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နှစ်ကြိမ်တိုင်တိုင် စောင့်ကြိုတိုက်ခိုက်ခံရပြီးနောက်အခု တော့ အထိုင်ချ စခန်းဖြစ်တဲ့ ပေါင်းခေါင်းမြို့နယ်ထဲ ကို ပြန်လည်ရောက်ရှိသွားပြီလို့ ဒေသတွင်း PDF တပ်ဖွဲ့ဝင်အချို့ကအသိပေးပါတယ်။

လက်ရှိ အထိုင်ချစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဆီ ပေါက်ခေါင်းမြို့အခြေစိုက် အမှတ် (၅၃) ခြေလျင်တပ်ရင်းကနေ စစ်အင်အား လာရောက်ဖြည့်တင်းပေးနေတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်ညပိုင်းကဆိုရင် ခလရ (၅၃) တပ်ရင်းကနေ စစ်သုံးထရပ်ကား ငါးစီးနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့ ပြည်ခရိုင် PDF တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာတိုက်ပွဲတွေဟာ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းအပြင် အနောက်ခြမ်းမှာရှိတဲ့ မြို့နယ်တွေအထိပါ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာလည်းဖြစ်ပါတယ်။ သာယာဝတီ ၊ လက်ပံတန်း ၊ မင်းလှ ၊ ကြို့ပင်ကောက် ၊ဇီးကုန်း ၊အုတ်ဖို၊ အုတ်တွင်းမြို့နယ်တွေထဲမှာ တိုက်ပွဲဖြစ်ပွားလာတာပါ။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလအတွင်းကဆိုရင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်းထဲက စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို PDF တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁)ဗျူဟာနယ်မြေမှာ ဇွန်လတစ်လတာတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ်(၂၁)ဗျူဟာပြည်ခရိုင် တပ်ရင်း (၂)က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။