Connect with us

Hi, what are you looking for?

News

ကန်ပက်လက် မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်သား နှစ်ဦးသေ

ယနေ့ (ဒီဇင်ဘာ ၇ရက်)နံနက်က ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာ၍ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ကန်ပက်လက် CDF

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကန်ပက်လက်ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၇ရက်)နံနက်က ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာ၍ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုလည်း ဖော်ပြထားသည်။

ကန်ပက်လက်မြို့ပေါ်တွင် ဒီဇင်ဘာ၃ရက်နှင့် ၄ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ နိုဝင်ဘာကုန်ပိုင်းကလည်း မြို့ပေါ်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သုံးဦးသေ ​ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။