Connect with us

Hi, what are you looking for?

သတင်း

ဇေယျ၀တီသကြားစက်အနီး စစ်တပ်ဂိတ် PDF တိုက်ခိုက်မှု တပ်ကြပ်ကြီးတစ်ဦးသေ၊ လက်နက် ၂လက်သိမ်းရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Screenshot(အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗျူဟာ-၂၄

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဂိတ်ဟာ ဇေယျဝတိမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတဲ့ ဂိတ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေး ပြုလုပ်ခဲ့တဲ့ နေ့ရက်ကို ဖော်ပြမထားလို့ ပဲခူးတိုင်း စစ်ဌာနနဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ဗျူဟာ (၂၄) တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄) ကွပ်ကဲမှု အောက်ရှိ ဧရာဝတီအမှတ်(၃) တပ်ရင်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ကြပ်ကြီး ၁ဦးသေဆုံးကာ MA3 တစ်လက် MA11 တစ်လက် ကျည်ဘောက် (၂) ဘောက်၊ ကျည် (၄၀) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း စစ်ဌာနဟာ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ တိုင်းစစ်ဌာန နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေ အများအပြားကို တိုက်ခိုက်ခဲ့ပြီး တပ်စခန်းများစွာကို တပြိုင်တည်းထိုးစစ်ဆင်တာတွေအပြင် ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအောင်မြင်ခဲ့ပါတယ်။

စစ်ရှိန်မြှင့်ဖို့ ရှိလို့ ပြည်သူတွေ ပိုသတိထားကြဖို့၊ တိုက်ပွဲဖြစ်ရာတွေကို သွားရောက်တာ မလုပ်ဖို့လည်း ပဲခူးတိုင်းစစ်ဌာန အောက်ရှိ ဗျူဟာတွေက အသိပေး ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး