Connect with us

Hi, what are you looking for?

သတင်း

အသက်မပြည့်ပဲပေါ်တာဆွဲခံရတဲ့ စစ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ​ရေစကြိုပကဖထံ အလင်းဝင်

အသက်မပြည့်သေးဘဲစစ်မှုထမ်းအထည့်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ရေစကြိုပကဖထံ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့ပါတယ်။

လက်နက်အပ်နေသည့်စစ်ကောင်စီတပ်သား(ညာ)အား ဂုဏ်ပြုဆုငွေချီးမြှင့်စဥ်။ ဓာတ်ပုံံ-ရေကြိုပကဖ

ဖေဖော်ဝါရီ-၇၊၂၀၂၆။ဟာနာဆန်/People’s Spring

အသက်မပြည့်သေးဘဲစစ်မှုထမ်းအထည့်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ရေစကြိုပကဖထံ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှာ တာဝန်ကျနေတဲ့ အသက် ၁၈ နှစ်အရွယ် စစ်ကောင်စီတပ်သား မျိုးမင်းသန့်ဟာရေစကြိုပကဖထံဆက်သွယ်ပြီး အလင်းဝင်လိုကြောင်း ဆက်သွယ်လာခဲ့တယ်လို့ ရေစကြိုပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီနောက် မနက် ၁၁ နာရီခွဲခန့်မှာ ၎င်းတပ်သားကို လင်းကတောရဲစခန်းကနေ ဘေးကင်းစွာခေါ်ဆောင်နိုင်ခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ MA1 ၁ လက်၊ကျည်ဘောက် ၄ ဘောက်၊ ၅.၅၆ကျည် ၁၀၀ တောင့်ကို အပ်နှံလာလို့ ၂၅ သိိန်း ဆု​ချီးမြှင့်ခဲ့တယ်လို့ ရေစကြိုပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူက ဧရာဝတီတိုင်းက ရွာတစ်ရွာမှာ ဥက္ကဌက သူ့ကို စစ်မှုထမ်းအတွက် စာကျပါတယ်ဆိုပြီး လိမ်လည်ပြီး ရဲလက်ကိုအပ်လိုက်တာ။ အဲတုန်းကသူ့အသက် ၁၇ ရှိသေးတယ်။ အဲကနေ စစ်မှုထမ်းစုဆောင်းရေးထဲပါသွားတာ။”လို့ ၎င်းက ပြောပါတယ်။

အဲဒီနောက် ၎င်းဟာ ရေစကြိုမြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှာ တစ်နှစ်ကျော် တာဝန်ကျပြီးနောက် ဒီမနက်မှာ ရေစကြိုပကဖထံ ဖုန်းဆက်ကာ အလင်းဝင်လာတာဖြစ်ကြောင်း ရေစကြိုပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ အလင်းဝင်တပ်သားကို လက်တလော လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်လို့ ၎င်းတာဝန်ခံက ဆိုပါတယ်။

လင်းကတောနယ်မြေရဲစခန်းဟာ ရေစကြို-မြိုင် သွားတဲ့လမ်းပေါ်မှာတည်ရှိပြီး မကြာခဏလည်းတိုက်ခိုက်ခံရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။