Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကနွားထိုးကြီးမြောက်ခြမ်းကရွာ​တွေကိုစစ်​ကြောင်းထိုးပြီးအမျိုးသမီး ၄ ဦးကိုအဓမ္မပြုကျင့်

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာ​ကြောင့် ရွာ ၁၀ ရွာထပ်မနည်း မီး​လောင်ပျက်စီးခဲ့သလို ​ဒေသခံအမျိုးသမီးလေးဦးကိုလည်းစစ်တပ်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

နွားထိုးကြီးမြို့နယ် ​မြောက်ဘက်ပိုင်းမှရွာ​တွေကိုစစ်တပ်က စစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီးလို့ ရွာ​တွေမီး​လောင်​နေစဥ်။ဓါတ်ပုံ-​ပေးပို့

■စစ်တပ်က​ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်​ကြောင်းထိုးမီးရှို့လို့ ဒေသခံပြည်သူ​တွေထွက်​ပြေး​နေရ

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ရှိန်း/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာ​ကြောင့် ရွာ ၁၀ ရွာထပ်မနည်း မီး​လောင်ပျက်စီးခဲ့သလို ​ဒေသခံအမျိုးသမီးလေးဦးကိုလည်းစစ်တပ်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီး နွားထိုးကြီးမြို့ပေါ်နဲ့ မြို့သာစက်မှုဇုန်ဘက်က နေအင်အား၁၀၀ ကျော်ပါစစ်တပ်ကြောင်း၅ကြောင်းလောက်နဲ့ နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီးဖမ်းမိတဲ့အမျိုးသမီး‌တွေကိုအဓမ္မပြုကျင့်နေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဓမ္မပြုကျင့်ခံရသူတွေ ဟာ မြဝတီရွာကအမျိုးသမီး ၃ ဦးနဲ့ တော်ဝေးရွာက အမျိုးသမီး၁ဦး တို့ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။အဓမ္မပြုကျင့်ခံတဲ့အမျိုးသမီး ​လေးဦးထဲမှာ အသက် ၅၀ အရွယ်၊တစ်ဦး နဲ့ အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသမီးတဦးလည်းပါဝင်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသမီးဟာ စစ်​ကောင်စီလက်​အောက်ခံရဲတစ်ဦးရဲ့ မိခင်ဖြစ်​ပေမယ့် စစ်တပ်က အဓ္ဓပြုကျင့်ခဲ့တာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“တချို့ လူတံတိုင်းအဖြစ် ဖမ်းခံထားရပါတယ်။ ကျွန်းဒေါင့်ရွာက ကျန်နေတဲ့ သူတချို့လည်း လူတံတိုင်း ဖမ်းထားခံရ တာရှိပါတယ်။စစ်တပ်က ပြေးရင် ပစ်သတ်မယ် ပြောထားပါတယ်။”လို့​ဒေသခံတဦးက​ပြောပါတယ် ။

ဒါအပြင် ကနဦးအဖမ်းခံရသူတွေက တချို့ကို ဖုန်းဆက်ပြီးလိမ်ခေါ်ပေးရလို့ ထပ်အဖမ်းခံရတဲ့သူ​တွေလည်းရှိ​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဖေ‌ဖော်ဝါရီလ၆ရက်နေ့ကမြဝတီရွာကို စစ်တပ်က ဝင် ရောက်မီးရှို့ခဲ့ပြီး ​ဖေ​ဖော်ဝါရီ ၇ရက်နေ့မှာ ကျွန်းဒေါင့် နဲ့ ဝက်လူးရွာ​တွေကို ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ဖေဖော်ဝါရီလ၉ ရက်နေ့မှာလည်း မြဝတီရွာကိုစစ်တပ်က ထပ်မံ မီးရှို့ခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်က စစ်​ကြောင်းထိုးအကြမ်းဖက်တာ​ကြောင့် မြဝတီ၊ဆေးခင်းကြီး၊ရွာသာအေး၊ဇီ၊ကျွန်းထောင့် ၊ဝက်လူး၊အောင်မြေစံ၊ပဲချက်၊မကျီးကုန်း၊အောင်ချမ်းသာစတဲ့ရွာတွေကဒေသခံပြည်သူတွေစစ် ဘေးတိမ်းရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းကလည်းနွားထိုးကြီး မြို့နယ်အနောက်တောင်ခြမ်းက ကျေးရွာကို စစ်တပ်က ပါရာ​မော်တာ(စက်တပ် လေထီး)နဲ့ သုံးကြိမ်ဗုံးကြဲခဲ့တာမို့အိမ်တလုံးမီး လောင်ပျက်စီးခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် ​ဖေ​ဖော်ဝါရီ ၁၀ ရက်​နေ့မှာလည်း မြို့သာကထွက်လာတဲ့စစ်ကြောင်းက လက်နက်ကြီးနဲ့ တော်ဝေးရွာထဲကို ပစ်တာကြောင့် ဒေသခံ အမျိုးသားတဦးထိခိုက်ဒဏ်ရာရကာ နွားနှစ် ကောင် သေဆုံးခဲ့ပါတယ်။

ဒါအပြင်ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာလည်းခလမ်းရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေချပြီးမီးရှို့ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။