Connect with us

Hi, what are you looking for?

News

မန္တလေးတိုင်းဝန်ကြီချုပ် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ၅ နှစ်ချ၊ မြို့တော်ဝန် ဒေါက်တာရဲလွင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့ ထောင်ချခံရ

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၅ နှစ်ချခံရတဲ့အပြင် အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။

Photo - EPA

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကို ဒီနေ့မှာ စစ်ကောင်စီဟာ ထောင်ဒဏ် ၅ နှစ်ချလိုက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်အချို့ကိုလည်း ထောင်ချလိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့စွဲဆိုထားတဲ့အမှု ၂ ခုအတွက် ထောင်ဒဏ်. ၃ နှစ် ၊ ဆူပူအောင်လှုံဆော်မှုအတွက် ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် တပါတည်းချပါသေးတယ်။

ဒါအပြင် ဒီနေ့မှာ တိုင်းအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်း နဲ့ မန္တလေးခရိုင် ဒီချုပ် ဥက္ကဋ္ဌ ဦးတင်ကိုကိုတို့ကိုလည်း ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃စီချခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၅ နှစ်ချခံရတဲ့အပြင် အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...