Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးမှာ တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ အသိပေးဖော်ပြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ အသိပေးဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၁ရက်အထိ စစ်ရေး အခြေအနေတွေကို ဖော်ပြထားတာဖြစ်ပြီး ဗန်းမော်မြို့တွင်း မှာ တိုက်ပွဲတွေနေ့တိုင်းပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ ပြင်းထန်စွာ ပြုလုပ်နေတယ်လို့ ဖော်ပြပါတယ်။

ဝိုင်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီ၊ ပြည်သူ့စစ်တပ်တွေ စစ်ရေးလှုပ်ရှားမှု နေ့စဉ်လုပ်နေလို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသို ဖားကန့်မှာလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေခြင်းသာမက လေကြောင်း တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်ကြီးဒေသမှာလည်း စစ်ကောင်စီနဲ့ SNA တပ်တွေ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖော်ပြပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ စစ်ကောင်စီတပ်စခန်းတွေသိမ်းရတာတွေ အသိပေးထားတာမရှိပေမယ့် စစ်ရေးသတင်းရင်းမြစ်အချို့က အခု ဖေဖော်ဝါရီလ ဝိုင်းမော်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခလရ(၅၈) တပ်ရင်း ကာကင်းစခန်းတွေ သိမ်းရထားတယ်လို့ ပြောဆိုထားပါတယ်။

ကာကင်းစခန်း ၄ခုထက်မနည်းသိမ်းရထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းမိတာ လက်နက်တွေရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပမ်းတဦးရဲ့ ရုပ်သံကိုလည်း ကချင်သတင်းရင်းမြစ်အချို့က ဒီကနေ့မှာ ဖော်ပြခဲ့ရာ ဖမ်းမိစစ်သုံ့ပမ်းဟာ သေမှာကြောက်ရွံ့လို့ ငိုကြွေးတောင်းပန်နေတာတွေ့ရပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေက “ မင်းကို သတ်မလို့မဟုတ်ဘူး သဘောပေါက်လား။ မင်းဘာလို့ ငိုနေတာလဲ။ လမ်းကြောင်း သိသွားမှာစိုးလို့။ အေးအေးဆေးဆေးပဲ။ မင်းကို ဘယ်သူမှ မသတ်ဘူး။ ငါမေးတာကိုပဲ ကောင်းကောင်းဖြေ” ဟု ပြောဆိုသံတွေကြားရပါတယ်။ စစ်သုံံ့ပမ်းကို မသတ်ဘူးလို့ အာမခံကြောင်းလည်း KIA ပူးပေါင်းတပ် ရဲဘော်တွေက ပြောကြားပါတယ်။

KIA ဟာ ဖေဖော်ဝါရီမှာ ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်စွဲရာနေရာတွေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ကောင်စီကလည်း စစ်အင်အားတွေဖြည့်တင်းတာ၊ လေကြောင်း ပစ်ကူပေး တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ကူပေးတာတွေ တောက်လျှောက်လုပ်ဆောင်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။