Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယစစ်ဦးစီးချုပ် လိုက်ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျပြီး ၄ ဦးသေဆုံး

ပုံမှန် ဆိုရင်တော့ Mi-17V5တွေဟာ လုံခြုံစိတ်ချရကြောင်း အကြိမ်ကြိမ် သက်သေပြထားတဲ့ ရဟတ်ယာဉ်တွေ ဖြစ်ကြောင်း၊ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာတောင် ဒီရဟတ်ယာဉ်တွေနဲ့ မကြာခဏ ခရီးသွားလာခဲ့ဖူးကြောင်း လေတပ် အကြီးအကဲဟောင်း ဂျေဂျေဆင်းက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ စစ်ဦးစီးချုပ် စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၈ ရက်က နိုင်ငံတောင်ပိုင်းမှာ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျတဲ့ သတင်းကို အိန္ဒိယ စစ်ဘက်က အတည်ပြုထားပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ်ဟာ ရဟတ်ယာဉ် ပျက်ကျ သေဆုံးသူတွေထဲမှာ ပါမပါ ဆိုတာကိုတော့ သတင်း စုံစမ်းနေဆဲလို့ စစ်ဘက် အရာရှိတွေက ပြောပါတယ်။

အိန္ဒိယ စစ်ဦးစီးချုပ် သေဆုံးသွားသလားလို့ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းရာမှာ အခုထိ အတိအကျ မသိရသေးဘူးလို့ စစ်ဘက် သတင်းရင်းမြစ် နှစ်ခုက ဖြေကြားခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် ၄ ဦး ရှိတယ် ဆိုတာကိုတော့ အမည် ဖော်မပြတဲ့ စစ်ဘက် အရာရှိ နှစ်ဦးစလုံးက တူတူညီညီ အတည်ပြုခဲ့ပါတယ်။

ရာဝတ်ဟာ အိန္ဒိယ စစ်တပ် အားလုံးရဲ့ ပထမဆုံး အကြီးအမှူးအဖြစ် ၂၀၁၉ ခုနှစ်မှာ ခန့်အပ် ခံခဲ့ရပါတယ်။ အဲဒီ ရာထူးကို နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ ထိထိရောက်ရောက် ပူးပေါင်း စစ်ဆင်နိုင်စွမ်း မြှင့်တင်ဖို့အတွက် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီလက်ထက်မှာ အသစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ လေတပ်ရဲ့ အဆိုအရ ရာဝတ်ဟာ Mi-17V5 အမျိုးအစား ရဟတ်ယာဉ်နဲ့ စီးနင်း လိုက်ပါပြီး ဆူလာမှာရှိတဲ့ လေတပ်စခန်းကို သွားရောက်ခဲ့တာလို့ သိရပါတယ်။ အိန္ဒိယ စစ်တပ်မျာ ရုရှားလုပ် ရဟတ်ယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေပါတယ်။ ရာဝတ်ဟာ တမီလ်နာဒူ ပြည်နယ်မှာ ရှိနေတဲ့ စစ်သင်တန်း တစ်ခုမှာ အချိန်တန်း သင်တန်း ပို့ချဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် ဆိုရင်တော့ Mi-17V5တွေဟာ လုံခြုံစိတ်ချရကြောင်း အကြိမ်ကြိမ် သက်သေပြထားတဲ့ ရဟတ်ယာဉ်တွေ ဖြစ်ကြောင်း၊ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာတောင် ဒီရဟတ်ယာဉ်တွေနဲ့ မကြာခဏ ခရီးသွားလာခဲ့ဖူးကြောင်း လေတပ် အကြီးအကဲဟောင်း ဂျေဂျေဆင်းက ဆိုပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လောလောဆယ်မှာ ကယ်ဆယ်ရေး အဖွဲ့တွေက ရဟတ်ယာဉ် အပျက်အစီး အစိတ်အပိုင်းတွေကို စတင် တွေ့ရှိထားပါပြီ။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း စတင်ဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း အိန္ဒိယ လေတပ်က Twitterမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook