Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်တွေကို CHRO တရားစွဲတာလက်ခံလို့ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီ နှင်ထုတ်

စစ်​ခေါင်း​ဆောင်​တွေကို ချင်းလူ့အခွင့်အ​ရေးအဖွဲ့က တရားစွဲဆိုတာကို တီ​မောတီမောလက်စ်တေနိုင်ငံက လက်ခံခဲ့တာ​ကြောင့် သံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နှင်ထုတ်တဲ့ ကြေညာချက်ကိုဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တီ​မောသမ္မတကချင်းလူ့အခွင့်အ​ရေးအဖွဲ့-CHRO ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီ ဒုတိယ ပါတ်မှာ​တွေ့ဆုံစဥ်။ဓါတ်ပုံ-တီ​မောသမ္မတရုံး

■စစ်ရာဇဝတ်မှုကျူးလွန်တာကိုဝန်ခံခြင်းဖြစ်ပြီး ကျူးလွန်ခဲ့မှု​တွေအတွက် တာဝန်မခံလိုတဲ့တုန့်ပြန်မှုဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHROပြော

ဖေဖော်ဝါရီ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

စစ်​ခေါင်း​ဆောင်​တွေကို ချင်းလူ့အခွင့်အ​ရေးအဖွဲ့က တရားစွဲဆိုတာကို တီ​မောတီမောလက်စ်တေနိုင်ငံက လက်ခံခဲ့တာ​ကြောင့် သံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နှင်ထုတ်တဲ့ ကြေညာချက်ကိုဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ခေါင်းဆောင်တွေကို တရားစွဲဆိုတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ကိုယ်စားလှယ်ကို တီမောလက်စ်တေသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက လက်ခံတွေ့ဆုံခဲ့တဲ့အပြင် တရားစွဲဆိုမှုကို တီ​မောတရား​ရေးဌာနက လက်ခံခဲ့တာကြောင့် တီမောအစိုးရဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို အကြိမ်ကြိမ်ဝင်ရောက်စွက်ဖက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အခုလိုတုန့်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

CHROက တီမောတရားရုံးမှာ စစ်အုပ်စု ခေါင်းဆောင်တွေကို တရားစွဲဆိုတဲ့အမှုကို တီမောတရားရေးဌာနက လက်ခံပြီး အကြီးတန်းအစိုးရရှေ့နေတဦးက စွဲချက်တွေကို စတင်ဆန်းစစ်လေ့လာ နေပြီလို့ CHROက ဖော်ဖော်ဝါရီ ၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၃ရက်မှာတော့ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယိုဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကောင်စီက ဆင့်ခေါ်ပြီး ဖေဖော်ဝါရီ ၂၀ရက် မတိုင်မီ မြန်မာကနေ အပြီးထွက်ဖို့ စစ်ကောင်စီက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒ့ါအပြင်တီမောလက်စ်တေအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ရပ်တည်ချက်သဘောထားတွေ ပြောင်းလဲခြင်းမရှိသေးရင်ပိုမိုပြင်းထန်တဲ့ အစီအမံတွေ ထပ်မံချမှတ်ဆောင်ရွက်မယ်လို့လည်း စစ်ကောင်စီက ခြိမ်းခြောက်ထားပါသေးတယ်။

ဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို မှန်ကန်ကြောင်း ဝန်ခံတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန် က ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းမှာ ပြောပါတယ်။

“ဒီအမှုလွတ်လပ်တဲ့တီမော်တရားရုံးကလက်ခံလို့ တုန့်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်သူတို့စစ်ရာဇဝတ်မှု တွေကျူးလွန်တာ မှန်ကန်ကြောင်း ဝန်ခံတာဘဲ။…။တဖက်မှာ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအတွက် တာဝန်ယူတာဝန်ခံဖို့ မလိုလားတဲ့ တုန့်ပြန်မှုလို့ဘဲ ပြောရမယ်။သူကိုယ်တိုင် လက်မှတ်ရေးထိုးတဲ့ ASEAN Five Points ကို ချိုးဖောက်တဲ့သူက လွတ်လပ်တဲ့Timor Leste တရားရေးက ပြည်တွင်းရေး စွက်ဖက်တယ် ဆိုတဲ့ ကောင်ချက်ချမှုက နောက်ကြောင်းဆီလျှော်မှု မရှိဘူး လို့ဘဲပြောရမယ်” လို့ ဆလိုင်းမန်ဟရဲလျန် ကပြောပါတယ်။

အခုနှစ်ဇန်နဝါရီလဒုတိယပတ်မှာချင်းလူ့အခွင့်အရေးအဖွဲ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် ဦးဆောင်တဲ့ အဖွဲက အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့တာပါ။

ဒီလိုတိုင်ကြားရာမှာအာဏာသိမ်းစစ်တပ်ကကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက် အဓမ္မကျင့်တာ၊ကလေးငယ်အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေး ဆရာတွေရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ဆေးရုံနဲ့ ခရစ်ယာဉ်ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှို့တာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားကြောင်း CRHOက အသိပေးထားပါတယ်။

အဲဒီလိုတိုင်ကြားချက်တင်သွင်းခဲ့တဲ့CHRO ကိုယ်စားလှယ်အဖွဲကိုတီမောသမ္မတကဇန်နဝါရီ ၁၄ ရက်မှာသမ္မတ အိမ်တော်မှာလက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တာဟာ တီမောအစိုးရ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ဆန့်ကျင်ဘက်အဖွဲအစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ဖြစ်တယ်လို့ဆိုကာ ဇန်နဝါရီ ၁၆ရက်မှာ တီမောသံရုံး ယာယီတာဝန်ခံကို အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ခေါ်ယူတွေ့ဆုံပြီး ကန့်ကွက်ခဲ့ပါတယ်။

“တီမောနိုင်ငံက တကယ်အချုပ်အခြာအာဏာ ပိုင်တဲ့ သမ္မတနိုင်ငံပေါ့နော်။ဒီလိုအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံက သမ္မတကို ဘယ်သူနဲ့ တွေ့ရမယ် ဘယ်သူနဲ့မ တွေ့ရဘူးဆိုပြီးစစ်ကာင်စီ က လိုက်ပြီး ညွှန်ကြားနေတာကတော့တကယ်ရယ်စရာလည်းကောင်းတာပေါ့။လွတ်လပ်တဲ့ ဥပဒေကြောင်းအရ တိုင်ကြားချက်တခုအပေါ်မှာ စစ်ကောင်စီက ရှင်းလင်းချက်တောင်းနေတာက တကယ်တန်းဆို စစ်ကောင်စီကပဲ တခြားနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ နိုင်ငံရေးကို ပြောင်ကျကျ ဝင်ရောက်စွက်ဖက်နေတယ်လို မှတ်ချက်ချလိုရတာပေါ့”လို ဆလိုင်းမန်ဟရဲလျန်က ဖေဖော်ဝါရီ တတိယပတ်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် တီမောသမ္မတက မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး ကြိုးစားမှု တွေအပေါ် အတူရပ်တည်ကြောင်း သတင်းစကား ပြောကြားခဲ့တယ်လို့ဠည်း ဆလိုင်းမန်ဟရဲလျန်က ပြန်ပြောခဲ့ပါတယ်။

“သမ္မတလည်းကျနော်တို မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့ စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာနိုင်ငံ ပြည်သူလူထုတွေရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ထွန်းကားဖို အားထုတ်မှုကို သူကလည်း အသိအမှတ်ပြုတယ်” လို ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားမှုနဲ့ ပြန်လည် ငြိမ်းချမ်းရေးရရှိဖိုအတွက်တီမောနိုင်ငံက အတက်နိုင်ဆုံးကြိုးစားပေးမယ်လိုလည်းသမ္မတက ပြောဆိုခဲ့ကြောင်း အသိပေးပါတယ်။

“တီမောသမ္မတကတော့ မြန်မာပြည်သူလူထုတွေရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ကြိုးစားမှုအတွက် သူ့အနေနဲ့ မြန်မာပြည်သူလူထုဘက်မှာ ရပ်တည်ပေးတယ်။ပြည်သူလူထုတွေရဲ့ ကြုံလာမှုတွေကို စာနာပေးတယ်။ ဒါကြောင့်မိုလို တီမောနိုင်ငံအနေနဲ့လည်းမြန်မာပြည်သူလူထုနဲ့အတူ အတက်နိုင်ဆုံး ငြိမ်းချမ်းရေးတွေ မြန်မာပြည်သူလူထု လိုလား တဲ့ ဒီမိုကရေစီ တွေ လူ့အခွင့်အရေး ထွန်းကားမှုတွေ ရရှိအောင် အတက်နိုင်ဆုံး ကြိုးစားပေးမယ်ဆိုတာကိုတော့ သူက သတင်းစကား ပါးဖြစ်တယ်ပေါ့”လိုဆလိုင်းမန်ဟရဲလျန်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စ်​တေးနိုင်ငံရဲ့ သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

နိုင်ငံရဲ့သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် တီမောလက်​စ်တေး အစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။