Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘောတူညီမှု တစ်ခုခု မရခဲ့ရင် အရမ်းဆိုးရွားတာတွေ ဖြစ်လာနိုင်တယ်လို့ အီရန်ကို ထရမ့်သတိပေး

အီရန် အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ရရှိအောင် အားထုတ်သင့်ပြီဖြစ်ပြီး အဲဒီကိစ္စ အထမမြောက်ရင်တော့ တကယ့် အကြီးစား အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

အီရန် အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ရရှိအောင် အားထုတ်သင့်ပြီဖြစ်ပြီး အဲဒီကိစ္စ အထမမြောက်ရင်တော့ တကယ့် အကြီးစား အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

သူက အီရန် နျူကလီးယား ထိန်းချုပ်ရေးကိစ္စ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ၁၀ ရက်ကနေ ၁၅ ရက်အတွင်း အပြီးသတ် သဘောတူညီမှု ရရှိဖို့ လိုတယ်လို့လည်း ကာလတစ်ခု သတ်မှတ်ပေးလိုက်ပါတယ်။ ဒါဟာ အီရန်နိုင်ငံ တဝိုက်မှာ အမေရိကန်က စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ပြီး နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ထရမ့်ဆီက ထွက်ပေါ်လာတဲ့ ရာဇသံဆန်ဆန် ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ အီရန်ဆီက အဓိပ္ပါယ်ရှိတဲ့ သဘောတူညီမှု တစ်ခုခုဆီ ခြေလှမ်းဦးတည်လာတာကို လိုလားကြောင်း၊ မဟုတ်ရင်တော့ ဆိုးရွားတဲ့ ကိစ္စကြီးတွေ ဖြစ်လာနိုင်ကြောင်း ထရမ့်က ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ ပထမဆုံး ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BoP) အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ BoP ဆိုတာက ဂါဇာငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေးကို အကြောင်းပြုပြီး ထရမ့်က ဦးဆောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အင်အားစုသစ် ဖြစ်ပါတယ်။

ဇွန်လတုန်းက အီရန်-အစ္စရေး ၁၂ ရက်စစ်ပွဲမှာ အမေရိကန်က အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ဝင်ရောက်ဗုံးကြဲ ဖျက်ဆီးခဲ့ဖူးပါတယ်။ အဲဒီနောက် ထရမ့်က အီရန်ရဲ့ နျူကလီးယား နည်းပညာ အလားအလာဟာ ဦးချိုး ခံခဲ့ရပြီးဖြစ်ကြောင်း၊ ဒီထက်ပိုတဲ့ အရေးယူမှုတွေ ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကိုတော့ အခြေအနေတွေအပေါ် မူတည်ပြီး အမေရိကန်က ဆုံးဖြတ်မှာဖြစ်ကြောင်း ထရမ့်က ပြောခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က ကိစ္စတွေဟာ ဘယ်ကိုဦးတည်သွားမလဲ ဆိုတာကို ၁၀ ရက်လောက်အတွင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ အလွန်ဆုံး ၁၀ ရက်၊ ဒါမှမဟုတ် ၁၅ ရက်လောက်ကတင် အဖြေတစ်ခု ထွက်ပေါ်လာဖို့ လုံလောက်မယ်လို့ သူယူဆကြောင်း မှတ်ချက်ပေးသွားပါတယ်။

တကယ်လို့ အီရန်က သဘောတူညီမှု တစ်ခုခုကို ဆောင်ယူမလာပေးခဲ့ရင် ဘာတွေ ဖြစ်မလဲ ဆိုတာကိုတော့ ထရမ့်က တိတိကျကျ မပြောခဲ့ပါဘူး။ အဲဒီအစား တကယ့်ကို ဆိုးဆိုးရွားရွား ကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့သာ ထရမ့်က သတိပေးသွားပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသထဲက မဟာမိတ် နိုင်ငံတွေဆီမှာ တိုက်လေယာဉ်တွေနဲ့ စစ်သည်အင်အားတွေ တိုးမြှင့် ဖြန့်ကျက်နေသလို အီရန်နဲ့ မဝေးတဲ့ ရေပြင်မှာလည်း လေယာဉ်တင် သင်္ဘောကြီး အနည်းဆုံး နှစ်စီးကို ဖြန့်ကျက်ဖို့ ပြင်ဆင်ထားပါတယ်။ တစ်စီးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက အဲဒီရေပြင်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အီရန် အစိုးရကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို သဘောထား ကြေညာချက်တစ်စောင် ပေးပို့ထားရာမှာ အီရန်အနေနဲ့ ဘယ်နိုင်ငံနဲ့မှ စစ်ပွဲကို စတင်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ကိုယ်တိုင်က စစ်ရေးအရ ရန်လို ကျူးကျော်တာ ခံလာရရင်တော့ ထိထိရောက်ရောက်နဲ့ သင့်တော်သလို တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အသိပေးထားပါတယ်။ ဒါဟာ အီရန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်လည်း ဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။

အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံခဲ့ပေမယ့် နျူကလီးယား ထိန်းချုပ်ရေး အပြီးသတ် သဘောတူညီမှု တစ်ခုတော့ မရခဲ့ကြပါဘူး။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ အခြေခံမူ တချို့ကို ညှိနှိုင်းလို့ အဆင်ပြေခဲ့ပေမယ့် တချို့အပိုင်းတွေမှာတော့ နှစ်ဖက်ကြား သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ဆက်လက် တည်ရှိနေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။