Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းထဲ စစ်​ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်​တွေအ​ပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာန ဘယ်လိုတုန့်ပြန်သလဲ

စစ်ကိုင်းတိုင်းထဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့အနေအထားဟာအရင်ကထက်အများကြီး တိုးတက်လာတယ်လို့ ပြောပါသေးတယ်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီး ဒေသမှာ ဒေသခံ ၁၁ ဦးကို မီးရှို့သတ်ဖြတ်တဲ့ဖြစ်ရပ်ဟာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် လူမဆန်စွာအကြမ်းဖက် နှိပ်စက်ပုံကို တစ်ကမ္ဘာလုံးက သိမြင်သွားတဲ့သက်သေတွေဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကပြောလိုက်ပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ကနေ ပြည်သူတွေအမြန်ဆုံးလွတ်မြောက်အောင် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရင်ကထက် အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဦးနိုင်ထူးအောင်ကဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့အနေအထားဟာအရင်ကထက်အများကြီး တိုးတက်လာတယ်လို့ ပြောပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသက ဒုံးတောကျေးရွာ မှာ ဒေသခံ ၁၁ ဦးကို အစုလိုက် မနေ့က ဒီဇင်ဘာလ ၇ ရက်က မီးရှို့သတ်ဖြတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒုံးတောကျေးရွာနဲ့အနီးတဝိုက် ရွာ ၈ ရွာက ဒေသခံတွေဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဘေးကလွတ်အောင် တိမ်းရှောင်နေကြရပါတယ်။

စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီဟာ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ဆင်နွှဲနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီဟာ လေကြောင်းကတိုက်ခိုက်တာတွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။