Connect with us

Hi, what are you looking for?

သတင်း

BNRAခေါင်း‌ဆောင်ပိုင်းက သုဘရာဇာ နဲ့ ဒေါင်းညိုကို PDF တွေကထိန်းသိမ်းထားပြီး ​ကောင်း​ကောင်းမွန်မွန်ရှိ​နေ​ကြောင်း ထုတ်ပြ

BNRAအဖွဲ့ရဲ့ထိပ်‌ပိုင်းခေါင်း‌ဆောင်တွေဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို တို့ကို PDF တွေက ထိန်းသိမ်းထားပြီးအသက်ရှင်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက ဒီက​နေ့​ဖော်ပြလိုက်ပါတယ် ။

(BNRA မှာ စစ်​ဖက် တာဝန်ရှိသူ​တွေဖြစ်တဲ့သုဘရာဇာ နဲ့ ဒေါင်းညို တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဗိုလ်စွမ်း)

■BNRAတပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံး လက်နက်ချပြီးမှ စစ်တပ်ထံ ထွက်ပြေး

​ဖေ​ဖော်ဝါရီ-၂၀၊၂၀၂၆။အိမ်သွင်၊ရဲ​ခေါင်

/People’s Spring

BNRAအဖွဲ့ရဲ့ထိပ်‌ပိုင်းခေါင်း‌ဆောင်တွေဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို တို့ကို PDF တွေက ထိန်းသိမ်းထားပြီးအသက်ရှင်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက ဒီက​နေ့​ဖော်ပြလိုက်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ်ယ့် BNRAတပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးကတော့ PDF တွေဆီ လက်နက်ချပြီးမှ ထွက်ပြေးသွားပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပါသွားပါတယ်။

ပုလဲမြို့နယ်ထဲက BNRAစခန်းတွေကို PDFနဲ့ ပကဖတွေကစတိုက်တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ သုဘရာဇာ၊ဒေါင်းညို နဲ့ ဗိုလ်မျက်လုံးတို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

သူတို့သုံးဦးကို PDFတွေက သတ်ဖြတ်လိုက်ပြီလို့ သတင်းအမှားတွေကိုNUGအစိုးရကို ​ဝေဖန်​နေသူတွေကလည်း လူမှုကွန်ရက်ကနေဆက်တိုက်ဖြန့်ဝေနေကြပါတယ်။အလားတူ စစ်အုပ်စုဘက်ကလည်း​​ကောလဟလ​တွေ လွှင့်​နေတာပါ ။

“ဒေါင်းညိုနဲ့ကျတော်ကိုယ်တိုင်လည်း စကားပြောပြီးပြီ။ အေးဆေးပါပဲ။သုဘရာဇာက ဆားလင်းကြီးဘက်မှာ လက်နက်ချတာ။သူတို့ကို လိုအပ်တာစစ်ဆေးနေတယ်။ သတင်းမှားတွေ ဖြန့်နေကြတယ်။ ကျတော်တို့ပ ဥပဒေလွတ်လုပ်တဲ့အဖွဲ့အစည်းတွေမှ မဟုတ်တာ”လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုခေါင်းဆောင် ဒေါက်တာနန်းဝင်းက ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေ PDF တွေနဲ့မပူးပေါင်းအောင် သတင်းမှားဖြန့်ဝေနေတာတွေကို သတိပြုကြဖို့ ဒေါက်တာနန်းဝင်းကဆက်ပြောပါတယ်။

သုဘရာဇာ နဲ့ ဒေါင်းညိုကို ထိန်းသိမ်းထားတဲ့ ရုပ်သံဖိုင်ကို ယင်းမာပင်ခရိုင်တပ်ရင်းမှူး ဗိုလ်စွမ်းက လူမှုကွန်ရက်မှာဖေဖော်ဝါရီလ၂၀ရက် မနက်မှာ တင်ထားပါတယ်။” သုဘရာဇာနှင့်ဒေါင်းညိုအကောင်းပကတိအတိုင်းပါ။အကြောက်တရားနဲ့သွေးမခွဲပါနဲ့။ဖြူစင်တဲ့နှလုံးသားနဲ့လူလိုဆက်ဆံထားပါတယ်”လို့ဗိုလ်စွမ်းက ရေးသားထားပါတယ်။

ဒေါက်တာနန်းဝင်းကလည်း “လတ်တလောမှာ ဆိုက်ဝါးတွေတအားပြန့်နေတယ်။ အကုန်လုံးက အလုပ်ရှုပ်တဲ့ကြားထဲက လူထုကို အသိပေးတာ” လို့ သုဘရာဇာနဲ့ဒေါင်းညိုရဲ့ရုပ်သံဖိုင် ထုတ်ပြန်တာနဲ့ပတ်သက်လို့ ပြောပါတယ်။

သုဘရာဇာနဲ့ဒေါင်းညိုဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက်ဖွဲ့စည်းခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ -LPDF ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဗိုလ်နဂါးက စည်းရုံးပြီး BNRAမှာ ရာထူးတွေပေးထားတာပါ။

အလောင်းတော်ကဿပကြိုးဝိုင်းထဲမှာ ဆင်သတ်မှုနဲ့ အခြားသောရာဇဝတ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဗိုလ်မျက်လုံးက ဖေဖော်ဝါရီလ၁၇ ရက် နေ့လယ်ပိုင်းမှာ PDF တွေဆီလက်နက်ချပူးပေါင်းခဲ့ပြီးမှ ပြန်ထွက်ပြေးသွားပါတယ်။

“ဗိုလ်မျက်လုံးကလက်နက်လာအပ်တယ်။ယုံကြည်မှုနဲ့ထားချိန် ထွက်ပြေးပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်”လို့ ဒေသတွင်းက တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

မျက်လုံးထွက်ပြေးပြီးစစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့သတင်းမှန်ကန်တယ်လို့ ဒေါက်တာနန်းဝင်းကလည်းပြောပါတယ်။

BNRAတပ်ဖွဲ့မှာအင်အား အများဆုံး ၃၀၀၊၄၀၀ခန့်ပဲရှိနိုင်တယ်လို့ NUG ပြည်ထဲ​ရေးနဲ့ လူဝင်မှုကြီးကြပ်​ရေးဒုဝန်ကြီး ဦး​ကျော်နီကခန့်မှန်းပါတယ်။​ဖေ​ဖော်ဝါရီ ၁၈ ရက်အထိ တပ်ဖွဲ့ဝင် ၁၅၀ ​ကျော်က လာ​ရောက်ပူး​ပေါင်းတာ ၊ဖမ်းမိတာ​တွေရှိတယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ဗိုလ်နဂါးနဲ့အတူ BNRA ရဲ့ စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ကိုဖြိုး တို့ဟာလည်းဖေဖော်ဝါရီလ၁၈ရက်ညနေကတည်းကစစ်တပ်နဲ့ ပူး​ပေါင်းသွားတယ်လို့ စစ်​ရေးသတင်း ရင်းမြစ်​တွေက​ပြောပါတယ်။ဒါ​ပေမယ့်စစ်တပ်က ကိုလတ် နဲ့ ကိုဖြိုးတို့ စစ်တပ်နဲ့ပူး​ပေါင်းတာကို စစ်​ကောင်စီက မ​​ဖော်ပြပါဘူး။

နဂါးနဲ့ သူရဲ့မိသားစုဝင်တွေ အလင်းဝင်လာတယ်လို့ပဲဖော်ပြထားပါတယ်။ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေအကြောင်း ဖော်ပြထားခြင်းမရှိပါဘူး။​ဒေသခံ​တွေနဲ့ စစ်​ရေးသတင်းရင်းမြစ်​တွေက ဗိုလ်နဂါးနဲ့ နောက်လိုက်၁၅ဦးခန့်ကိုစစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာလို့ပြောပါတယ်။

ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးရဲ့ ယောက်ဖဖြစ်ပြီး BNRAရဲ့ ဘဏ္ဍာရေးတာဝန်ခံဖြစ်ပါတယ်။ ဗိုလ်နဂါးက ကိုဖြိုးရဲ့ နှမကို ယူထားတာဖြစ်ပါတယ်။

ကိုလတ်ဆိုသူကတော့ကရင်ပြည်နယ်ဘက်က‌နေ ပုလဲနယ်ကို ရောက်လာပြီး ဗိုလ်နဂါးဦး ဆောင်တဲ့ BNRAမှာ စစ်ရေးတာဝန်ခံရာထူးယူထားသူဖြစ်ပါတယ်။ ကိုလတ်ဟာ တော်လှန်ရေးကာလအစောပိုင်းက ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ ‌သေဆုံးတဲ့စစ်သားအရာရှိအချို့ရဲ့ဘက်တံဆိပ်တွေနဲ့ရာထူးသတ်မှတ်ပေးထားတဲ့ကြယ်ပွင့်တွေကို ဖိနပ်မှာ တပ်ပြီးလေလံတင်ရာကနေငွေကြေးအမြောက်အများရရှိခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော်လှန်ရေးရန်ပုံငွေတွေနဲ့ပတ်သက်ပြီး အငြင်းပွားရာကနေ ဗိုလ်နဂါးဆီ ရောက်လာသူဖြစ်ပါတယ်။ကိုလတ်ဟာ ​စစ်တပ်နဲ့ပူး​ပေါင်းသွားတယ်လို့သတင်းထွက်ပြီး​နောက်​နေ့ ​​ဖေ​ဖော်ဝါရီ ၁၉ ရက်မှာတောင် အညာကို​ခေတ္တ နှုတ်ဆက်​ကြောင်း ကရင်ပြည်နယ်မှာ ပြန်ဆုံမယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့စာ​ရေးသားခဲ့ပါ​သေးတယ် ။ဒါ​ပေမယ့် အဲဒီပို့စ်ကိုပြန်ဖျက်သွားပြီး လတ်တ​လော သူ့အ​ကောင့်ကို ကြည့်မရ​တော့ပါဘူး။

ယင်းမာပင်ခရိုင်အတွင်း BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော် တွေအနေနဲ့ ခရိုင်/မြို့နယ်ပကဖအဖွဲ့တွေကိုချိတ်ဆက်ပြီး လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေအပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေကိုရောင်းချခြင်း၊ပေါင်နှံခြင်း၊ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာစီးနင်းခဲ့ပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖေဖော်

ဝါရီ ၁၈ရက်မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဗိုလ်နဂါး ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ ပုလဲမြို့နယ်ထဲက BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ပုလဲမြို့နယ် စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာပြုလုပ်လာတာဖြစ်ပါတယ်။

ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်‌ရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင် လုပ်ဆောင်တာ၊ တပ်ဖွဲ့ဝင်တွေကို လုပ်ဆောင်စေတာ ၊ တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်တာကို မျက်ကွယ်ပြုတာတွေကြောင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့NUG ကာကွယ်​ရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

ရန်သူအကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စတဲ့ လုပ်ရပ် အတွက် ယုံကြည်ရလောက်တဲ့ အထောက်အထား ရှိနေတာ အပါအဝင် အချက် ၄ချက်ကြောင့် BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူ ဆောင်ရွက်ခဲ့တာလို့ အသိပေးပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်နဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့လို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးရဲ့ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစတဲ့ ရာဇဝတ်မှုများ ကျူးလွန်တာတွေ ရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။