Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမှာ စစ်တပ်ရိက္ခာစစ်ကြောင်းတိုက်ခိုက်ရာ ၆ဦးသေပြီး လက်နက်တွေသိမ်းရတယ်လို့ PDFပြော

မန္တလေးတိုင်း၊ ဆီမီးခုံမြို့မှာ စစ်တပ်ရဲ့ ရိက္ခာသယ်ယာဥ်တန်း တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ-၂၃၊ ၂၀၂၆။မိုမို/Peoples Spring

မန္တလေးတိုင်း၊ ဆီမီးခုံမြို့မှာ စစ်တပ်ရဲ့ ရိက္ခာသယ်ယာဥ်တန်း တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

အခု ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀နာရီခွဲဝန်းကျင်က ကောင်စီတပ်သားတွေနဲ့ ဆုံရွာက ပျူစောထီးအင်အား ၂၀ဝန်းကျင်ပါတဲ့ ဆီမီးခုံမြို့ကနေ ရိက္ခာသယ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၁၅ မိနစ်နီးပါးကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်သားတွေ ၆ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိလို့ ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

G3 နှစ်လက်၊ ကာဘိုင် တစ်လက်၊ ကင်းထောက်ဒရုန်း တစ်စီးနဲ့ ကျည်တွေသိမ်းဆည်းရရှိတယ်လို့လည်း ဖော်ပြပါတယ်။

အဲဒါအပြင် နောက်ဆက်တွဲသတင်းတွေအရ ဆီမီးခုံဆေးရုံမှာ ပျူစောထီးနဲ့ရဲ လေးဦး ထပ်မံ သေဆုံးသွားတယ်လို့ သိရပါတယ်။အဲဒီသေဆုံးမှုနဲ့ပတ်သက်​လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက ဆိုပါတယ်။

“ဈေးဝယ်ပြီး ပြန်လာတဲ့ ဆုံရွာ ကစစ်အုပ်စုတွေ ဆီမီးခုံမြို့ နဲ့ ဆုံရွာကြား လမ်းမပေါ်ပစ်ခတ်ခံရတာ”လို့ ဆီမီးခုံမြို့ခံတစ်ဦးက ပြောပါတယ်။

မြင်းခြံမြို့နယ်မှာရှိတဲ့ ဆီမီးခုံမြို့မှာ ရေနက်ဆိပ်ကမ်းရှိပြီး စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – MDY PDF FB’s Screengrab

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။