Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမှာ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

(၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲတွင်​တွေ့ရ​သောAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Infodesk )

​ဖေ​ဖော်ဝါရီ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်ညနဲ့ ဖေဖော်ဝါရီလ ၂၆ရက် မနက်ပိုင်းမှာ Y 12နဲ့ ဂျက်ဖိုက်တာ‌ သုံးစင်းက ဗုံးကြဲခဲ့ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ လက်နက်ကြီးတွေ ပစ်နေတာပါ။ လေကြောင်း တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်သံတွေကို လေးမျက်နှာမြို့ရဲ့ အနီးပတ်ဝန်းကျင်က မြို့တွေကပါ ကြားနေရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

“ဒီလအစောပိုင်းမှာတိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း ရပ်သွားတယ်။အခု လကုန်ပိုင်းမှာ ပြန်ချနေတာ။ အခုကို လက်နက်ကြီးပစ်သံကြားနေရတာ ခဏခဏပဲ”လို့ဇလွန်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇလွန်၊ ဟင်္သာတ၊ မြန်အောင်၊ရေကြည်မြို့နယ်တွေဟာ လေးမျက်နှာမြို့နဲ့ နယ်မြေချင်း ဆက်စပ်နေတာပါ။

ဖေဖော်ဝါရီလအစောပိုင်းကတိုက်ပွဲတွေမှာစစ်တပ်က ဂျက်ဖိုက်တာတွေ ဆက်တိုက်ပျံသန်းပြီး ဗုံးကြဲခဲ့ပါတယ်။ ဂျက်ဖိုက်တာတွေဟာ ဟင်္သာတနဲ့ ဇလွန်မြို့တွေကိုဖြတ်ပြီးအနိမ့်ပျံသန်းခဲ့ကြတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ယခုရက်ပိုင်းမှာ လေးမျက်နှာမြို့အပြင် သာပေါင်းမြို့နယ်မှာလည်းတိုက်ပွဲဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ရက်ပိုင်းကတိုက်ပွဲမှာ သာပေါင်းမြို့နယ်ကစစ်တပ်စခန်းတချို့ကို AAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပါတယ်။ သာပေါင်းမြို့ဟာတိုက်ပွဲတွေဖြစ်ခဲ့ဖူးတဲ့ရွှေသောင်ယံ၊ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တွေနဲ့ ဆက်စပ်နေပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတာပါ။

စက်စက်ယိုကျေးရွာအပါအဝင် လေးမျက်နှာမြို့နယ်ထဲကစစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေကသိမ်းယူထားပါတယ်။တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများနေသလိုဂျက်ဖိုက်တာအပြင်စက်တပ်လေထီးနဲ့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေပါ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ (၅)၊ (၆)၊ (၁၀) နဲ့ ခလရ (၃၅)၊ (၈၀) တို့အပြင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ (၆၃) နဲ့ (၂၇၁) တို့ ပါဝင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။