Connect with us

Hi, what are you looking for?

သတင်း

အရာရှိတချို့အပါအဝင် စစ်သုံ့ပန်း ၂၀၀ MNDAA ထပ်လွှတ်

အာဏာသိမ်းစစ်တပ် နဲ့ MNDAAလားရှိုးမြို့မှာဖေဖော်ဝါရီလ ၂၈ ရက်ကတွေ့ဆုံပြီးတဲ့နောက် အရာရှိတွေအပါအဝင် စစ်သုံ့ပန်း ၂၀၀ကိုထပ်မံလွှတ်ပေးလိုက်ပါတယ်။

၂၀၂၅ ​အောက်တိုဘာလ ဒုတိယပါတ်မှာ MNDAAက စစ်သုံ့ပန်း​တွေကို ပြန်လွှတ်​ပေးစဥ်။ဓါတ်ပုံ-The Kokang

မတ်-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းစစ်တပ် နဲ့ MNDAAလားရှိုးမြို့မှာဖေဖော်ဝါရီလ ၂၈ ရက်ကတွေ့ဆုံပြီးတဲ့နောက် အရာရှိတွေအပါအဝင် စစ်သုံ့ပန်း ၂၀၀ကိုထပ်မံလွှတ်ပေးလိုက်ပါတယ်။

လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာစစ်ကောင်စီအရာရှိ‌တချို့နဲ့ MNDAA အရာရှိတချို့ တွေ့ဆုံခဲ့ပြီး ပြန်လွှတ်‌ ပေးတာလို့ ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါတယ်။

“ဒီတခေါက် ပြန်လွတ်လာတာမှာ စစ်တပ်ဘက်က အရာရှိတွေလည်းပါတယ်။ပြီးပြီးရော လွှတ်တာမဟုတ်ဘူး။ သေချာလွှဲပေးတာ” လို့ အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်မိသားစုဝင်တဦးက သူရဲ့ အဖေပြန်လွှတ်လာပြီးကျန်းမာရေးကောင်းမွန်ကြောင်းလူမှုကွန်ရက်မှာ​ဖေ​ဖော်ဝါရီ၂၈ရက်ညနေပိုင်းမှာရေးသားထားပြီးမှ ပြန်ဖျက်သွားပါတယ်။

MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းဗိုလ်ချုပ်အချို့အပါအဝင် စစ်ကောင်စီသုံ့ပန်းထောင်ချီပြီးဖမ်းဆီးခဲ့ပါတယ်။

၂၀၂၄ ဇန်နဝါရီလ ၅ရက်က ‌လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီးတပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

လားရှိုးမြို့ကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းတဲ့တိုက်ပွဲမှာလည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပါတယ်။

ယခုတစ်ကြိမ်မတိုင်မီကဇန်နဝါရီလ၂၅ရက်နေ့မှာ စစ်သုံ့ပန်း ၅၀၀ ပြန်လွှတ်ပေးခဲ့ပါသေးတယ်။တာကျောင်(Da Jiao) မဟာပူဇော်ပွဲလို့ခေါ်တဲ့တရုတ်ရိုးရာပြက္ခဒိန်အရပြုလုပ်တဲ့အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲအခမ်းအနားနေ့အဖြစ်ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ အင်အားလိုအပ်နေချိန် MNDAAက အခုလို ပြန်လွှတ်ပေးတဲ့အပေါ် လူထုက ဝေဖန်နေပါတယ်။ပြန်လွှတ်လာတဲ့သုံ့ပန်းအရာရှိတချို့ဟာ လူထုကို အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေကြပါတယ်။

စစ်သုံ့ပန်းအဖြစ်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုန်းအခြေစိုက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးဟာ လာဘ်ပေးလာဘ်ယူမှုဆိုးရွားနေသလို စီးပွားရေးသမားတွေနဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကိုဖိနှိပ်ကာတရားမဝင်စီးပွားရှာနေတယ်လို့ ရှမ်းပြည်နယ်ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

MNDAAကပြန်လွှတ်ပေးလိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း အရပ်သားတွေကိုအစုလိုက်အ ပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၂၅အောက်တိုဘာလက မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို ဗုံးကြဲဖို့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးက အမိန့်ပေးခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား၃၀နီးပါးသေဆုံး၊ ၄၀ကျော်ဒဏ်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူတွေ ဆေးကုနေတဲ့နေရာကို လေကြောင်းကနေ ဗုံးထပ်ကြဲလို့ သေဆုံးမှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရကို နမခတိုင်းမှူးအဖြစ်ခန့်အပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။