Connect with us

Hi, what are you looking for?

News

ပြန်ပေးမှုကို Tik Tokမှာ ဗီဒီယို တင်ခဲ့တဲ့ ထိုင်းရောက် မြန်မာနှစ်ယောက် အဖမ်းခံရ

မြန်မာ အချင်းချင်း ပြန်ပေးဆွဲပြီး Tik Tokပေါ် တင်ခဲ့တဲ့ အမှုအတွက် စုံတွဲ တစ်တွဲကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဘန်ကောက် မြောက်ပိုင်း ပါသွမ်သာနီမှာ နေထိုင်တဲ့ မြန်မာ အမျိုးသမီး တစ်ဦးကို မြန်မာ စုံတွဲ တစ်တွဲက ပြန်ပေးဆွဲ ဖမ်းဆီးလိုက်ပြီး သူ့ကို သံကြိုးခတ်ထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက် ပလက်ဖောင်း Tik Tokပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ လက်ကို ကြိုးချည်ပြီး ခြေကျင်းဝတ်မှာ သံကြိုးခတ်ထားတဲ့ ဗီဒီယိုကို Tik Tokပေါ်မှာ ထိုင်းနိုင်ငံသား တစ်ဦးက တွေ့ရှိတဲ့နောက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

နောက်ပိုင်းကျတော့ ဖမ်းထားတဲ့ နှစ်ယောက်က အမျိုးသမီးကို ပြန်လွှတ်ပေးပြီး ဘန်ကောက်မြို့ထဲကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ အမျိုးသမီးက ဒီဖြစ်စဉ်ကို ရဲတွေဆီ တိုင်ကြားခဲ့တဲ့နောက် ကျူးလွန်တဲ့ မြန်မာ အမျိုးသားနဲ့ အမျိုးသမီးကို ဖော်ထုတ် ဖမ်းဆီးလိုက်တာပါ။

အခုကိစ္စမှာ ပါဝင်ပတ်သက် နေသူတွေရဲ့ နာမည် အမှန်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ပြန်ပေးဆွဲ ခံရတဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံက Tik Tok သုံးစွဲသူတွေကြားမှာ လူသိများတဲ့ Social Influencer တစ်ယောက်လို့တော့ သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာတရားဝင် နိုင်ငံခြားသားအလုပ်သမား ၄.၂ သန်းကျော်ရှိပြီး မြန်မာနိုင်ငံသားက ၃.၃၃ သန်းကျော်ရှိ​​

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ မသင်္ကာစရာ လေယာဉ်တစ်စီး ချဉ်းကပ်လာမှုကြောင့် F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ကြောင်း တော်ဝင်ထိုင်းလေတပ်က ထုတ်ပြန်ခဲ့ပါတယ်။