Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၉ဦးသေဆုံး ၁၄ဦး ဒဏ်ရာရ

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မတ်လရဲ့ ပထမဆုံးနေ့မှာ အရပ်သား ၃၀ ကျော် သေဆုံး

ဓာတ်ပုံ - ပေးပို့

မတ်-၂၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ မတ်လ ၁ရက် မနေ့ ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ကျေးရွာကို ည ၁၁ နာရီ ၁၅မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“၉ဦးသေဆုံးတယ်။ ၁၄ဦး ထိတယ်။ လေကြောင်းက အရှေ့ဘက်ကို သွားပြီးမှ ပြန်ဝင်လာတာ။ အထိအခိုက်များသွားတယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဗုံးကြဲလို့ လူသေဆုံးထိခိုက်မှုသတင်း မှန်တယ်လို့ စစ်ကိုင်းတိုင်းထဲက PDF သတင်းရင်းမြစ်ကလည်း ပြောပါတယ်။ သေဆုံးထိခိုက်သူတွေအားလုံး အရပ်သားတွေဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်လို့ ရုပ်အလောင်းအချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ပေးပို့

ပင်လည်ဘူးမြို့ဟာ PDFနဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၃ နိုဝင်လကတည်းက ထိန်းချုပ်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။

စစ်ကောင်စီက မနေ့က တရက်တည်းမှာပဲ လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်လို့ ပင်လည်ဘူးမြို့အပါအဝင် နေရာ ၃နေရာမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ် တဇန်းရွာကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားငါးဦးသေဆုံးခဲ့ပါတယ်။

မင်းတုန်းမြို့နယ်၊ ပြောင်းရွာက ကုန်ကားစခန်းနေရာကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၅ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook