Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးကြားနားပွဲ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာပြုလုပ်

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-NUGဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး

မတ်လ-၂၊၂၀၂၆။ သုည/People’s Spring

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ပါတီစုံပါဝင်သောမြန်မာ့ဒီမိုကရေစီရေးကိ အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂမှ ဥက္ကဌ Mr. Kondo Shoichi နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

အဆိုပါကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် Online မှတဆင့် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။မြန်မာပြည်တွင်းရှိ ပကတိအခြေအနေတွေကို ပေါ်လွင်စေတဲ့ မှတ်တမ်း Video အချို့အား ပြသခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ကရင်နီတိုင်းရင်းသားခေါင်းဆောင် ခွန်ဘီထူးတို့မှလည်း Video message မှတဆင့် မြန်မာ့နွေဦးတော်လှန်ရေးကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေတွေကိုရှင်းပြကာနိုင်ငံတကာအသိုင်းအဝိုင်းသို့ သတင်းစကားပေးပို့ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“အမှန်တော့နှစ်စဉ် ၂ လပိုင်း ၁ ရက်နေ့တိုင်းလုပ်လေ့ရှိတာပါ၊အခုနှစ်က ဂျပန်အစိုးရအပြောင်းအလဲနဲ့ လွှတ်တော်ကို ဖျက်ပြီးရွေးကောက်ပွဲလုပ်တဲ့ အချိန်နဲ့ တိုက်သွားလို့ နောက်ကျသွားတာ”လို့ ပွဲကိုတက်​ရောက်ခဲ့သူတစ်ဦးက​ပြောပါတယ်။

အခုလိုမြန်မာ့အ​ရေးကြားနားပွဲကို အရင်နှစ်​တွေက စစ်တပ်အာဏာသိမ်းတဲ့ ​ဖေ​ဖော်ဝါရီ ၁ ရက်နှစ်ပါတ်လည်​နေ့​တွေအပြင် NUG ဝန်ကြီး​တွေဂျပန်နိုင်ငံလာ​ရောက်ချိန်မှာလည်းပြုလုပ်​လေ့ရှိပြီး ကြားနားပွဲ ၁၀ ကြိမ်​လောက်လုပ်ဖူးတယ်လို့သိရပါတယ် ။

ယခုတကြိမ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ပါတီစုံပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးထောက်ခံအားပေးသော လွှတ်တော်အမတ်တွေ၊ အမေရိကန်၊မလေးရှား အစရှိသော နိုင်ငံတကာသံရုံးမှတာဝန်ရှိသူတွေ၊ ဂျပန်အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေ၊သတင်းမီဒီယာတွေနဲ့ မြန်မာ့အရေးအစဉ်တစိုက်ကူညီပေးနေတဲ့ ဂျပန်လူမျိုးတွေလည်း တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲကို တက်​ရောက်သူ ၁၂၀ ​​လောက်ရှိတယ်လို့သိရပါတယ် ။

“ဂျပန်လူမျိုးတွေရော မီဒီယာတွေရော စိတ်ဝင်တစားတက်ရောက်နားထောင်ကြတဲ့အတွက်အထိုက်အလျောက်တော့ကျေနပ်အားရပါတယ်”လို့ မြန်မာအ​ရေးကြားနာပွဲတက်​ရောက်ခဲ့သူတဦးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။