Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ မြန်မာလိုင်စင်နဲ့ ယာဉ်တွေကို ဆီမရောင်းတော့တဲ့ ထိုင်းဆီဆိုင်တွေ ပိုများလာ

ထိုင်းနယ်စပ်မှာမြန်မာဖက်ခြမ်းက ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကိုဆီမရောင်းတော့တဲ့ ဓာတ်ဆီဆိုင်တွေ ပိုများလာနေပါတယ်။

မတ်-၁၀၊၂၀၂၆။People’s Spring

ထိုင်းနယ်စပ်မှာမြန်မာဖက်ခြမ်းက ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကိုဆီမရောင်းတော့တဲ့ ဓာတ်ဆီဆိုင်တွေ ပိုများလာနေပါတယ်။

တက်ခ်ပြည်နယ်ထဲက ခရိုင်တွေမှာ မြန်မာလိုင်စင်နံပါတ်နဲ့ ယာဉ်တွေကို ဓာတ်ဆီနဲ့ ဒီဇယ် ရောင်းချပေးမှာ မဟုတ်ကြောင်း သတိပေးစာ ရေးသားထားတဲ့ ဆိုင်တွေက ပိုများလာနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ထိုင်းလိုင်စင်နံပါတ်နဲ့ ကားတွေကိုလည်း ဘတ် ၁၀၀၀ ထက်ပိုပြီး ဆီရောင်းမပေးဘဲပမာဏကို ကန့်သတ်ထားလိုက်ပါတယ်။မြန်မာဖက်ခြမ်း၊ မြဝတီလို မြို့တွေကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းမှာ ဆီလာဖြည့်တဲ့ ကားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရိပ်ရိပ် တိုးလာတဲ့နောက် အခုလိုမျိုးထိုင်းလိုင်စင်နံပါတ်နဲ့ ယာဉ်တွေကိုပဲဆီရောင်းချပေးမယ် ဆိုတာမျိုး ကန့်သတ်မှုတွေကို ထိုင်းဆီဆိုင်တွေက စတင် ကျင့်သုံးလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားမှာ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်နေပြီး ထိုင်း-မြန်မာနယ်စပ်မှာလည်း အဲဒီလို ရိုက်ခတ်မှုတွေရှိလာခဲ့ပါတယ်။မဲဆောက်၊ ဖော့ဖရား၊ အမ်ဖန်း၊ မဲရမတ်နဲ့ သာဆောင်ယန်း ခရိုင်တွေထဲက ဆီဆိုင်တချို့က မြန်မာလိုင်စင် နံပါတ်နဲ့ ယာဉ်တွေကို ဆီရောင်းချပေးတော့မှာ မဟုတ်ကြောင်း ကြေညာစာတွေ စတင်ကပ်ထားခဲ့ပြီး အဲဒီလို ဆိုင်အရေအတွက်က တစ်ရက်ပြီးတစ်ရက် တိုးလာနေပါတယ်။

ဆီဆိုင်တွေမှာတော့ မြန်မာ လိုင်စင်နံပါတ်နဲ့ ယာဉ်တွေကို ဆီရောင်းပေးမှာ မဟုတ်တဲ့အကြောင်း မြန်မာလိုရော၊ ထိုင်းလိုပါ သတိပေးစာတွေ ရေးပြီး ကပ်ထားတာကိုလည်း တွေ့ရပါတယ်။

ကိုးကား-Khaosod

ဓါတ်ပုံ- Khaosod

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

Facebook