Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်က ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ကလေးငယ် ၇ဦးအထိ တိုးလာ

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးမှုတွေနဲ့ ထိခိုက်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ကျမ်းစာသင်တန်းနဲ့ဂီတသင်တန်းကိုစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးသေဆုံးသူစုစုပေါင်း ၁၁ဦးထိရှိ

မတ်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖီလေးခိုရွာ ဘုရားကျောင်းမှာ ကလေးငယ် ကျောင်းသားကျောင်းသူတွေ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း တက်ရောက်သင်ကြားနေစဉ် မတ်လ ၉ရက် နေ့လည် ၁၂နာရီခွဲမှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” သေဆုံးတာက ကလေး ၇ဦး၊ လူကြီး ၄ဦး ရှိပြီ။ အစက ၆ဦး သေဆုံးဒဏ်ရာရ ၉ဦးရှိတာ။ ၉ဦးထဲက ၅ဦး ထပ်သေဆုံးတယ်။ ဒဏ်ရာပြင်းထန် တော့ ဆေးရုံ(နယ်ဆေးခန်း)ရောက်ချိန် ထပ်ပြီးသေဆုံးတာ။ နယ်ဆေးခန်းပဲရှိတယ်”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

KNU ဗဟိုကလည်း တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်း ဗုံးကြဲခံရမှု နောက်ဆက်တွဲ သတင်းထုတ်ပြန်မှု ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် တဖီလေးခိုကျောင်းသား (၅)ဦး၊ ထီးနီးဖောထာကျောင်းသား(၁)ဦး၊ စီပရက် ကျောင်းသား (၁)ဦး စုစုပေါင်း (၇)ဦး ထိခိုက် သေဆုံးကာ တဖီလေးခိုကျောင်းသား(၃)ဦး နဲ့ တိုးတယ်ထာကျောင်းသား(၁)ဦး စုစုပေါင်း ကျောင်းသား၊သူ(၄)ဦးမှာ ဒဏ်ရာရရှိခဲ့သလို အခြား အရပ်သား ၄ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ၂တန်း၊ ၄တန်း၊ ၅တန်း အရွယ် ကလေးငယ်တွေဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ၁တန်း၊ ၅တန်း၊ ၆တန်းနဲ့ ၈တန်းအရွယ်က လေးငယ်တွေဖြစ်တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဟာ မတ်လ ၁၀ရက်မှာလည်း တနင်္သာရီမြို့နယ် တကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ထပ်မံ ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ဦးဟာ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတာကောင့် ထိုင်းနိုင်ငံ ဆေးရုံမှာ ဆေးကုသနိုင်ဖို့ KNU မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း အသိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြန်ရွေးကောက်ပွဲ ပြုလုပ်နေချိန်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိုမိုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန် နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေအပါအဝင် ပြည်သူကို ရက်စက်စွာ တိုက်ခိုက်တဲ့ ကျူးလွန်မှုတွေကို ပိုမိုတိုးမြှင့်ပြုလုပ်လာနေကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။