Connect with us

Hi, what are you looking for?

News

တိတ်ဆိတ်ငြိမ်သက်​နေတဲ့ ပဲခူးမြို့

၁၀ နာရီမထိုးခင် မနက်ပိုင်းမှာ ပြည်သူတချို့​ဈေးဝယ်သွားလာတာ​တွေ့ရ​ပေမယ့် ပြည်သူအများစုက မနက်အ​စောကတည်းက အိမ်မှာပဲ​နေပြီး တိတ်ဆိတ်ခြင်းသပိတ်ကို ဆင်နွှဲ​နေကြပါတယ်။

ပဲခူးမြို့က ပြည်သူ​တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်​နေတဲ့ ဒီ​နေ့မြင်ကွင်း​တွေပဲ ဖြစ်ပါတယ်။

၁၀ နာရီမထိုးခင် မနက်ပိုင်းမှာ ပြည်သူတချို့​ဈေးဝယ်သွားလာတာ​တွေ့ရ​ပေမယ့် ပြည်သူအများစုက မနက်အ​စောကတည်းက အိမ်မှာပဲ​နေပြီး တိတ်ဆိတ်ခြင်းသပိတ်ကို ဆင်နွှဲ​နေကြပါတယ်။

“ကားတွေမရှိ၊ လူတွေမရှိ၊ ဆိုင်တွေမဖွင့်၊ ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင်ငြိမ်မယ်။ ငါတို့လှုပ်ချင်လှုပ်မယ်” ဆိုတဲ့ ငြိမ်သက်​ခြင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အကျယ်လောင်ဆုံးဟစ်ကြွေးကြတဲ့ ဒီကနေ့မှာ ပြည်သူတွေရဲ့ ဆန္ဒကို မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ် ပညာပေးဟောပြောပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၃) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။